AD
AD
AD

မြန်မာနိုင်ငံကိုယ်စားအလှမယ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Miss Universe 2017 ပြိုင်ပွဲကြီးကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။ Miss Universe 2017 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ  လက်စ်ဗီးဂက်စ်မှာ နိုဝင်ဘာ(၂၆)ရက်နေ့ညက ကျင်းပခဲ့တာ ဖြစ်ပါတယ် ။

play

 

ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်ကလည်း သူမရဲ့ ခံစားချက်ကို သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ခဲ့ပါတယ်။

အဲ့ဒါကတော့ သူမကြိုးစားပေမယ့် တာဝန်မကျေပွန်တဲ့အတွက် စိတ်မကောင်းပါဘူးဆိုတဲ့ စာသားလေးပါပဲ။ သူမအကောင်းဆုံး ကြိုးစားခဲ့တာ ကိုလည်း ပရိသတ်တွေက သိနေတာကြောင့် ပရိသတ်တွေ အားလုံးက သူမကို အားပေးစကားတွေ ပြောထားကြပါတယ်။

play

 

သူမကို စိတ်ဓာတ်မကျဖို့ စိတ်မကောင်းမဖြစ်ဖို့နဲ့ဆုရခြင်း မရခြင်းထက် ကြိုးစားယှဉ်ပြိုင်မှုသာ အဓိကပါဆိုပြီး အားပေးစကားတွေ ပြောပေးထားကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇွန်သံစဉ်အနေနဲ့  မြန်မာနိုင်ငံအတွက် ဘာဆုမှ မယူပေးနိုင်ခဲ့ပေမယ့် မြန်မာကို ကမ္ဘာက သိအောင် ကြိုးစားခဲ့နိုင်သူ တစ်ဦးဖြစ်ပါတယ်။

play

 

Miss Universe ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံက ကိုယ်စားပြုအလှမယ်တွေ ယှဉ်ပြိုင်ခဲ့ကြပြီး တောင်အာဖရိကအလှမယ် Demi-Leigh Nel-Peters ကတော့ Miss Universe ဆုကြီးကို ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၂၂ နှစ်အရွယ် Nel-Peters က သရဖူကို သိမ်းပိုက်နိုင်ခဲ့ပြီး First runner-up ဆုကို ကိုလမ်ဘီယာအလှမယ် Laura González နဲ့ Second runner-up ဆုကို ဂျမေကာအလှမယ် Davina Bennett တို့က ရရှိခဲ့ပါတယ်။

play

 

ဒီပြိုင်ပွဲမှာ ဆန်ကာတင်ဝင်ခဲ့တဲ့ ၁၃ နိုင်ငံကတော့ ထိုင်း၊ သီရိလင်္ကာ၊ ဂါနာ၊ စပိန်၊ အိုင်ယာလန်၊ ခရိုအေးရှား၊ ဂရိတ်ဗြိတိန်၊ အမေရိက၊ ဘရာဇီး၊ ကနေဒါ၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလားနဲ့ တရုတ်တို့ပဲဖြစ်ပါတယ်။

Postby

 

Photo : ဇွန်သံစဉ်၊ Miss Universe 2017

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD