AD
AD
AD

တိုင်ရွန်က သူ့ရဲ့ ခံစားချက်တချို့ကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတာ တွေ့ရပါတယ်။ အဲ့ဒီခံစားချက်ကလည်း မိဘနဲ့ ပတ်သက်တဲ့ ခံစားချက်လေးကို ရေးသားထားတာပါ။

နိုဝင်ဘာ(၂၈)ရက်နေ့ မနက်(၃း၀၀) နာရီလောက်က သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဒီနေ့ကစပြီး မိဘပေါ်တာဝန်ကျေတဲ့ သားတစ်ယောက်ဖြစ် အောင် ကြိုးစားပါတော့မယ်ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

"၂:၃၀ လောက်တရေးနိုးကြီးဖုန်းဝင်လာတယ် mom တဲ့ အရမ်းစိတ်ပူသွားတယ်ဆေးရုံမှာ ဘာဖစ်လဲပေါ့ ကျွန်တောဒီနေ့အိမ်ပြန်အိပ်တယ်လေ အာနဲ့ အမေဘာဖြစ်လို့လဲဆိုတော့ သားအိမ်ပြန်ရောက်ပီလားတဲ့ မွေးနေ့ဘာမှမလုပ်ပေးနိုင်တာစိတ်မကောင်းဘူးတဲ့ နေမကောင်း ဆေးရုံတက်နေရရင်း သူ့လည်ပင်းခွဲထားတဲ့အသံနဲ့ ကျွန်တော်အရမ်း ဝမ်းနည်းသွားတယ် ရုတ်တရက် အရမ်းလည်း ကြောက်မိသွားတယ်။

ကျွန်တော်တို့ဟာမိဘကို အနားမှာရှိနေလို့ သိပ်ဂရူမစိုက်တန်ဖိုးမထားမိကြဘူး တကယ်တော့သူတို့အသက်တွေဟာကြီးပါပြီ။ မနက်ဖြန် တိုင်းဟာ ထိတ်လန့်စရာပါဘဲ လူတစ်ယောက် သက်တမ်းဟာပျမ်းမျှ ၇၀ ထားပါ သူတို့ အသက်နဲ့ နုတ်လိုက်ရင် အများကြီး မကျန်တော့ပါဘူး တစ်နေ့ ခွဲခွာကြရမှာပါ တနေ့ငိုကြွေးကြရမှာပါ ကျွန်တော် သိလိုက်ပါပြီ မိဘဆိုတာရှိနေတုန်း ဂရုစိုက်ရမယ်ဆိုတာကို ကျွန်တော် အရမ်းကြောက်ပါတယ်။ ဒီနေ့ကစပြီး မိဘပေါ်တာဝန်ကျေတဲ့ သားတစ်ယောက်ဖြစ်အောင်ကြိုးစားပါတော့မယ် ။ တိုင်ရွန် မနက် ၃:၀၀ ဒီစာကိုထရေးသည်." လို့ ရေးသားထားပါတယ်။

play

 

တိုင်ရွန်ရဲ့စိတ်ဓာတ်ကိုတော့ ပရိသတ်တွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေက ကောမန့်မှာ ချီးကျူးထားတာကိုလည်း တွေ့ရပါတယ်။

တိုင်ရွန်ရဲ့ မွေးနေ့ကတော့ နိုဝင်ဘာ(၂၇)ရက်နေ့က ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာလည်း သူ့ကို ချစ်ရသူပရိသတ်တွေ သူငယ်ချင်း မိတ်ဆွေတွေက မွေးနေ့ဆုတောင်းလေးတွေ တောင်းပေးထားတာကိုလည်း တွေ့ရပါတယ်။

play

 

တိုင်ရွန်ဟာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ကော၊ သရုပ်တောင် တစ်ယောက်အနေနဲ့ပါ မိန်းကလေး ပရိသတ်အများစုရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Postby

 

Photo : တိုင်ရွန်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD