AD
AD
AD

သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ စာမေးပွဲပြီးသွားပြီဖြစ်လို့ ပျော်နေပါတယ်။ နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး အဝေးသင်တတိယနှစ် မြန်မာစာစာမေးပွဲကို ဖြေဆိုနေတဲ့ သူမက ဒီနေ့(နိုဝင်ဘာ၂၉ရက်)မှာ စာမေးပွဲ ပြီးသွားတာ ဖြစ်လို့ ပျော်လည်းပျော်သလို စိတ်ထဲမှာလည်း ဟာသွားသလို ခံစားရတယ်လို့ ဆိုပါတယ်။

ဘာသာအားလုံးလည်း ဖြေနိုင်တယ်ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

"ဒီနေ့စာမေးပွဲပြီးသွားပြီ ဘာသာအားလုံးဖြေနိုင်ပါတယ်လို့ တနေ့မှသုံးနာရီဘဲ အိပ်ခဲ့ရတဲ့ ရက်တွေလွတ်ပြီ ပျော်လည်းပျော်တယ်....ဖြေပြီးတော့လည်း စိတ်ထဲဟာသွားသလိုဘဲ" ဆိုပြီး ပြောထားပါတယ်။

သူမစာမေးပွဲ ပြီးတဲ့နေ့မှာ သူမရဲ့ မိခင်ရဲ့ မွေးနေ့နဲ့လည်း တိုးတယ်လို့လည်း ပြောပြထားပါတယ်။ မိခင်ဖြစ်သူအတွက်ကိုလည်း မွေးနေ့ဆုတောင်းလေး တောင်းပေးထားတာ တွေ့ရပါတယ်။

play

 

"ဘာဘဲပြောပြောဒီနေ့စာမေးပွဲလဲပြီးမေမေ့မွေးနေ့နဲ့လည်းတိုး....Happy birthday မေကြီးမွေးနေ့မှာပျော်ရွှင်ပါစေနော်.....အမြဲစိတ်ချမ်းသာပါစေမေမေ" ဆိုပြီး ရေးသားထားပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီး ကို ထွက်ရှိထားပါတယ်။

Photo : စိုးပြည့်သဇင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD