AD
AD
AD

မော်ဒယ် အော်န်ဆိုင်းကတော့ ဒီနေ့(နိုဝင်ဘာ၂၉ရက်)နေ့လေးဟာ ဘဝမှာ အပျော်ရွှင်ဆုံး နေ့တွေထဲက တစ်နေ့ပါလို့ ဆိုလိုက်ပါတယ်။ ဒီနေ့မှာ ပြုလုပ်တဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ မစ္ဆားဆုတောင်းပူဇော်ပွဲကို သူမလည်း တက်ရောက်ခဲ့ပါတယ်။

play

 

အဲ့ဒီပွဲဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ပွဲဖြစ်ပြီး ပြည်သူလူထုနဲ့တွေ့ဆုံတဲ့ ပွဲလည်း ဖြစ်သလို ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ မစ္ဆားဆုတောင်းပူဇော်ပွဲလည်း ဖြစ်ပါတယ်။

အဲ့ဒီပွဲကို တက်ရောက်ခဲ့တဲ့ အော်န်ဆိုင်းအတွက် အပျော်ရွှင်ဆုံး နေ့တစ်နေ့ဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ဘဝမှာ အပျော်ရွှင်ဆုံး နေ့တွေထဲက တစ်နေ့အားလုံး အတွက်လည်း ဆုတွေတောင်းခဲ့ပေး တယ်     ❤️

Ps ပုံတင်ပြီးရင်အိပ် ပြီ နှစ်နာရီ လောက်ဘဲအိပ်ရသေးတယ်။ Forever grateful for God's grace! " ဆိုပြီး ရေးသားထားပါတယ်။

ယင်းစာသားလေးတွေနဲ့အတူ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ထားတာတွေ့ရပါတယ်။

play

 

ကက်သလစ်သာသနာရဲ့ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၂၇)ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်ကာ နိုဝင်ဘာ (၂၈)ရက်နေ့မှာ နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။

ဒီနေ့ (နိုဝင်ဘာ ၂၉ရက်)မှာတော့ ပြည်သူလူထုနဲ့တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

Photo : အောန်ဆိုင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD