AD
AD
AD

သရုပ်ဆောင် မိုးယုစံရဲ့ သားလေး Austin ရဲ့ ရက်(၁၀၀)ပြည့် မွေးနေ့အလှူကိုတော့ မိဘမဲ့ ပရဟိတကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မိဘမဲ့ပရဟိတကျောင်းမှာ ရှိတဲ့ လသားအရွယ်ကလေး (၃၅)ယောက် နဲ့ (၂)နှစ်အထက်ကလေး (၅၄)ယောက်တို့ ကိုရင်အပါး(၄၀)တို့အတွက် အာဟာရဒါနကျွေးမွေးလှူဒါန်းခဲ့သလို နို့မှုန့်ဘူးတွေ၊ အအေး၊ မုန့်၊ဆန်၊ဆီနဲ့အတူ အလှူငွေ (၁၀)သိန်း တို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

သားလေးအတွက်ကိုလည်း မေမေမိုးယုစံက ယခုလို ဆုတောင်းပေးထားပါသေးတယ်။

"သားသားလေးလည်း ထူးချွန်ထက်မြတ်ပီး အများတွက်အကျိုးပြုမဲ့ သားကောင်းရတနာလေးဖြစ်ပါစေ   (မိဘမဲ့ကလေးများအားလုံးလည်း ဘဝခရီးလမ်းမှာ သာယာပျော်ရွှင်ပီး ထူးချွန်ထက်မြတ်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာလေးတွေဖြစ်ကြပါစေ လိုအပ်ချက်တွေ အကုန်မဖြည့်ဆည်းနိုင်ပေမဲ့ ခုလိုလှူဒါန်းရတာဝမ်းသာပီတိဖြစ်မိပါတယ် ကုသိုလ်အားလုံးလည်း ၇ရက်သားသမီးအားလုံးရရှိနိုင်ကြပါစေ)" ဆိုပြီး ပြောထားပါတယ်။

play

 

သားလေး Austin ကတော့ယခုဆိုရင် ရက်(၁၀၀)တောင်ပြည့်သွားပါပြီ။ မိုးယုစံရဲ့ သားလေး Austin ဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေကို အချစ်ကို ရရှိထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

မိုးယုစံကတော့ သားလေးကို အိမ်ခေါ်နာမည်အနေနဲ့ Austin လို့ပေးထားပြီး သုံးလပြည့်တော့မှ မြန်မာနာမည်ပေးမယ်လို့ သြဂုတ်လ(၂၆)ရက်နေ့က ရေးထားခဲ့ပေမယ့်လည်း အခုထက်ထိ တော့ မြန်မာနာမည်ပေးထားတာ မတွေ့ရသေးပါဘူး။

play

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : မိုးယုစံ ဖေ့စ်ဘွတ်၊ My Dream Wedding &Photo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD