AD
AD
AD

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဒီဇင်ဘာလလေးကို စုံတွဲပုံလေးချိန်းပြီး ကြိုဆိုလိုက်ပါတယ်။

စိုးသူနဲ့ နှစ်ယောက်ရိုက်ထားတဲ့ ပုံလေးကို Cover Photo  ချိန်းလိုက်တာ ဖြစ်ပါတယ်။ စိုးသူနဲ့အတူ ရိုက်ထားတဲ့ ပုံလေးမှာ "December I'm so happy to see you " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

play

 

စိုးသူနဲ့ စိုးမြတ်သူဇာတို့ စုံတွဲကတော့ ခရီးတွေ အတူတူသွားဖြစ်နေတာလည်း တွေ့ရပါတယ်။အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

play

 

စိုးမြတ်နန္ဒာကတော့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

သားဖြစ်သူရဲ့ ဝေယာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။

Photo : စိုးမြတ်နန္ဒာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD