AD
AD
AD

ဒီနေ့(ဒီဇင်ဘာ၁ရက်)မှာ နေတိုးက ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်များနဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံမှုကို ဒီနေ့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

နေတိုးကလည်း ဒီနေ့ တွေ့ဆုံမှုအတွက် ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ပြောပြထားတာ တွေ့ရပါတယ်။

play

 

ထို့အတူပဲ သူနောက်ထပ် ပြောပြထားတာ ရှိပါတယ်။ အဲ့ဒါကတော့ ဒီနေ့လေးကို သူကျေနပ်နိုင်ခဲ့ပါပြီတဲ့။ သူ ဓာတ်ပုံအရမ်းတွဲရိုက်ချင်နေတဲ့ မမတာနဲ့အတူ ဓာတ်ပုံရိုက်ခွင့် ရခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး ပြောပြထားပါတယ်။

"ဒီနေ့တွေ့ဆုံမှု အတွက် ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။

မမတာကိုချစ်တဲ့သူတယောက်အတွက်တော့ ဒီနေဟာ ကျွန်တော်ကျေနပ်နိုင်ခဲ့ပါပြီ။ဘာလို့လဲဆိုတော့ အရမ်းရိုက်ချင်နေတဲ့ မမတာနဲ့အတူ ဓါတ်ပုံတွဲရိုက်ခဲ့ရပြီးပြီ မွမွ လေးပေးခဲ့ရပြီးပြီ ပရိသတ်များအတွက်...ထာဝရ မမတာသို့..." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

နေတိုးဟာ တာတေကြီး ဇာတ်ကားနဲ့ ပရိသတ်များအားပေးမှုကို အတိုင်းမသိ ရရှိထားနေသူလည်း ဖြစ်ပါတယ်။ တာတေကြီး ဇာတ်ကားထဲမှာ နေတိုး၊ ရွှေသမီးနဲ့အတူ အခြားသော သရုပ်ဆောင်တွေ များစွာ ပါဝင်ထားပြီး ဒါရိုက်တာ ဝိုင်းက ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

တာတေကြီး ဇာတ်ကားဟာ ပရိသတ်များရဲ့ feedback ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားတစ်ခုလည်း ဖြစ်ပါတယ်။

play

 

တချို့ပရိသတ်များကတော့ အဲ့ဒီ ဇာတ်ကားနဲ့ နေတိုး အကယ်ဒမီ ရမယ်ဆိုပြီးလည်း ခန့်မှန်းထားကြပါတယ်။

တာတေကြီး ဇာတ်ကားဟာ အိန္ဒိယဇာတ်ကားတစ်ကားကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပေမယ့်လည်း  မြန်မာပရိသတ်များကို ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

Photo : နေတိုး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD