AD
AD
AD

ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာရှိတဲ့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုရဲ့ အိမ်ခြံဝင်းတံခါးကို ကားတစ်စီးနဲ့ တိုက်ဖွင့်ကာ မေသန်းနုရဲ့ကားကို ဖျက်စီးပြီး အိမ်ထဲကို ဝင်ရောက်ရန် ကြံစည်မှုဖြစ်ပွားခဲ့တဲ့အတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

play

 

ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (၂၇) ရပ်ကွက်၊ ရွှေပင်လုံအိမ်ရာ အပိုင်း (၁)၊ ရွှေနှင်းဆီလမ်းရှိ ရုပ်ရှင်သရုပ်ဆောင် မေသန်းနု (ခ) ဒေါ်သန်းသန်းဆင့်၏ နေအိမ်ခြံဝင်းတံခါးကို နိုဝင်ဘာလ ၂၀ ရက် ည ၁၁ နာရီခွဲဝန်းကျင်က အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦးက မာစီးဒီးယာဉ်ဖြင့် ဝင်တိုက်ပြီး နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ကာ မေသန်းနုရဲ့ Alphard အဖြူရောင်ကားကို ခဲ၊ ပန်းအိုးတို့နဲ့ ထုရိုက်ဖျက်ဆီးပြီး နေအိမ်ထဲ ဝင်ရောက်ရန် ကြံစည်ခဲ့တယ်လို့ မေသန်းနုကိုယ်တိုင် တရားလိုပြုကာ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြို့မရဲစခန်းကို လာရောက်တိုင်ကြား အမှုဖွင့်ခဲ့တယ်လို့ The Voice မှာ ဖော်ပြထားပါတယ်။

play

 

မေသန်းနုက ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းအမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ) ၁၈၁၈/၁၇၊ အိမ်ကျော်နင်းမှု ရာဇသတ်ကြီး ပုဒ်မ ၄၅၀/ အကျိုးဖျက်ဆီးမှုကို ကျူးလွန်မှု ရာဇသတ်ကြီးပုဒ်မ ၄၂၇ ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အမှုဖွင့်တိုင်ကြားခံရသူမှာ ကမ္ဘာအေးဘုရားလမ်းမှာ နေထိုင်တဲ့ ကုန်သည်တစ်ဦးဖြစ်ပြီး ပျက်စီးဆုံးရှုံးမငမှာ တန်ဖိုး ကျပ်သိန်း ၅၀ ခန့်ရှိမယ်လို့ တာဝန်ရှိရဲအရာရှိတစ်ဦးက The Voice ကို ပြောထားပါတယ်။

Duwun Media မှ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းကို ဖုန်းဆက်မေးမြန်းရာမှာတော့ မေသန်းနုမှ အမှုဖွင့်တိုင်ကြားထားတာ မှန်ကန်ကြောင်း စခန်းမှူးက ပြောပါတယ်။

play

 

လောလောဆယ်မှာတော့ မေသန်းနုက ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီး မန္တလေး အထူးပွဲကို ရောက်ရှိနေပါတယ်။

ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ ထာဝရအမေဇာတ်ကားမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ရဲအောင်၊ ထွန်းကိုကို၊ အကယ်ဒမီမေသန်းနု ၊ အကယ်ဒမီ ဝတ်မှုံရွှေ ရည်နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး မြန်မာတစ်ပြည်လုံးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photos : Zin yaw mg mg

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD