AD
AD
AD

ရွှေအိမ်စည်က Miss Grand Myanmar 2017 သရဖူကို သိမ်းခံရပြီး Miss Grand International 2017 သွားရောက်ယှဉ်ပြိုင်ခွင့် ရုတ်သိမ်းခံရပေမဲ့လည်း သူမဟာ ဒီနှစ်အတွင်းမှာ တိုးတက်မှုတွေ ရှိတဲ့အတွက် နှစ်စကနဲ့တောင် မတူတော့ဘူးလို့ ဆိုလာပါတယ်။

play

 

"I’m definitely not the same person I was when this year started and I’m happy for my improvements" လို့ သူမက

ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

အဓိပ္ပာယ်ကတော့ ကျွန်မက ဒီနှစ်စကနဲ့ လုံးဝမတူတော့ဘူး။ ကျွန်မရဲ့ တိုးတက်မှုတွေအတွက် ပျော်မိတယ်လို့ ဆိုထားတာပါ။

play

 

ရွှေအိမ်စည်ဟာ ပရိသတ်ရဲ့အားပေးထောက်ခံမှု များစွာ ရထားတဲ့ အလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ဆုကြီးတစ်ဆုတော့ ရမှာသေချာတယ်လို့လည်း အများက ထင်ကြေးပေးကြပါတယ်။

ဒါပေမဲ့လည်း ရွှေအိမ်စည်ကတော့ နောက်ထပ် အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုလုပ်တော့မှာ မဟုတ်ဘူးလို့

အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ အခုတော့ သူမဟာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေတာကို မြင်တွေ့ရပါတယ်။

play

 

Miss Universe Myanmar 2017 ပွဲမှာ 1st Runner Up ဆုကို ရရှိခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ဟာ  Miss Grand International 2017 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပေမဲ့လည်း Miss Universe Myanmar Orginazation က သူမရဲ့ သရဖူကို

ပြန်လည်ရုတ်သိမ်းပြီး သွားလျှောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ချခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က ဗီယက်နမ်မှာ

ပြုလုပ်တဲ့ Miss Grand International 2017 ပြိုင်ပွဲကို Miss Universe Myanmar 2013 1st Runner Up အေးချမ်းမိုးက သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

Photos : ရွှေအိမ်စည် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD