AD
AD
AD

တာတေကြီး ရုပ်ရှင်ဇာတ်ကားမှာ မမတာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ နေတိုးကတော့ အကယ်ဒမီဆုအတွက် နာမည်ကြီး နေပါတယ်။

ပရိသတ်တွေကလည်း သူ့ကို မမတာဇာတ်ရုပ်နဲ့ အကယ်ဒမီရစေချင်ကြသလို အဲ့ဒီဇာတ်ကားထဲမှာ အတူတူပါဝင်သရုပ်ဆောင် ထားတဲ့ သရုပ်ဆောင် ရွှေသမီးကပါ နေတိုးကို မမတာဇာတ်ရုပ်နဲ့ အကယ်ဒမီ ရစေချင်ကြောင်း ဖွင့်ပြောလာခဲ့ပါတယ်။

play

 

"အရမ်းအားကျတယ်။ တစ် ဆင်းန်တည်းနဲ့တင် အက်တင်ကို ချိန်းပြီးလုပ်သွားရတာဆိုတော့ အရမ်းလည်း ပင်ပန်းတယ်။ မျက် လုံးအကြည့်၊ အက်တင်အမူအရာ တွေကအစ ချိန်ရတာဖြစ်တဲ့အ တွက် အရမ်းခက်တယ်။ တော် တော်လည်း ပင်ပန်းတယ်။ တစ် ဆင်းန်ပြီးတိုင်း နားနေရမယ့် ကာ ရိုက်တာမျိုးပေါ့။ ကိုယ်ပြန်ကြည့် တဲ့အချိန်မှာလည်း ငါလည်း အဲဒီ လိုကာရိုက်တာမျိုးရိုက်ကြည့်ချင် တယ်လို့ တွေးမိတယ်’’ လို့ သူမက ဆိုပါတယ်။

play

 

တာတေကြီး ဇာတ်ကားဟာ ရုံတင်ပြသနေတာ ကြာပြီဖြစ်ပေမယ့်လည်း ဒီဇင်ဘာ(၁)ရက်နေ့မှသာ လူစုံတာကြောင့် အဲ့နေ့မှာပဲ ပရိသတ်များနဲ့ တွေ့ဆုံကာ လက်မှတ်ရေးထိုးခြင်းကို ပြုလုပ်ခဲ့ပါတယ်။

ရွှေသမီးကတော့ အဲ့ဒီဇာတ်ကားမှာ ချစ်စရာကောင်းတဲ့ မန္တလေးသူအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

လက်ရှိမှာ သူမက ဒါရိုက်တာ စတီးလ်ရိုက်ကူးထားတဲ့ "ကျွေးတဲ့လက်" ရုပ်ရှင်မှာ တစ်ဇွတ်ထိုးလုပ်တတ်တဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo : ရွှေသမီး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD