AD
AD
AD

သီချင်းချိုချိုအေးအေးလေးများနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူ အဆိုတော် မို့မို့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ မကြာခင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ Simply Acoustic လို့ နာမည်ပေးထားတဲ့ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၁၆)ရက်နေ့ ပြည်လမ်းရှိ မာစီဒီးမြန်မာကားရိုးရွမ်း သစ်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ ဖျော်ဖြေပွဲကို လူဦးရေ နှစ်ရာခန့်သာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး Exclusive Show အနေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

"အခု ဒီပွဲလေး စပြီးလုပ်ဖြစ်တဲ့ အဓိကအကြောင်းရင်းက အမျိုးသားက အစ်မကို တစ်ကိုယ်တော်ရှိုးလုပ်ဖို့ အမြဲတမ်းပြောတယ်။ အစ်မဆီမှာက Stage Fright ရှိတယ်။ စင်ပေါ်တက်ရတာ ကြောက်တယ်။ အဲဒီလိုဆိုတော့ တစ်ကိုယ်တော်ဆို ပိုဆိုးတာပေါ့။ တစ်ကိုယ်တော် ရှိုးလုပ်ဖို့ မလုပ်ရဲဘူး။ အင်အားမရှိဘူးဆိုပြီး အမြဲငြင်းခဲ့တာ။ အခုကျ ဘယ်လိုဖြစ်သွားလဲမာစီဒီးရှိုးရွမ်းက လူတွေက အစ်မအမျိုးသားနဲ့ သူငယ်ချင်းကိုး။ အဲဒီတော့သူက အစ်မရှိုးအတွက်ဆို ရင် စပွန်ဆာပေးမယ်။ လုပ်မယ်။ ရှိုးကသေးသေးလေးပဲ။ အကြီးကြီး မဟုတ် ဘူး" လို့ သူမက 7day Daily မှာ ဖြေဆိုပေးထားပါတယ်။

play

 

ဖျော်ဖြေပွဲအတွက်ကိုလည်း သူမရဲ့ အသံကို ပြန်ပြီး Vocal Trainer နဲ့ လေ့ကျင့်ကာ သီချင်းတွေ ပြန်ဆိုကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖျော်ဖြေပွဲမှာလည်း ပရိသတ်တောင်းဆိုမှု အများဆုံး သီချင်းတွေဖြစ်တဲ့ "ထာဝရ" ၊ ဆွေး၊ ချစ်သူသို့၊  စတဲ့ သီချင်းများကိုလည်း ပြန်ဆိုပေးသွား မယ်လို့ သိရပါတယ်။ ဧည့်သည်အဆိုရှင်တွေအနေဲ့ မျိုးကျော့မြိုင်၊ ဝေလနဲ့ ဖြိုးပြည့်စုံတို့ကို ရွေးချယ်ထားတယ်လို့လည်း သိရပါတယ်။

မို့မို့ကတော့ လက်ရှိမှာ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD