AD
AD
AD

လက်ရှိမှာ ကျန်းမာရေးအခြေအနေအရ အနားယူနေတဲ့ ရဲတိုက်ဟာ ခရီးထွက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဆရာဝန်က တစ်လနားဖို့ သတ်မှတ်ပေးထားတာကြောင့် ခရီးသွားဖို့ စီစဉ်ဖြစ်တာလို့ ဆာတိုရီထုတ်လုပ်ရေးက ဦးရီဇော်က ပြောပါတယ်။

ခရီးစဉ်ကတော့ ကော့သောင်း၊ ထိုင်းအပါအဝင် ခရီးသုံးခုစီစဉ်ပေးထားပြီး ခရီးက ပြန်လာတာနဲ့ ဇာတ်ကားရိုက်ကူးဖို့ ပြန်လည်စတင်မယ်လို့ သိရပါတယ်။

play

 

‘‘အခု လောလောဆယ် ဆရာဝန်တွေနဲ့ Medical Check Up လုပ်တယ်။ နားနေဆဲပဲ။ အဲဒါ ကြောင့် မီဒီယာတွေနဲ့တော့မတွေ့ သေးဘူး။ အခုလောလောဆယ် သူ Skin Care လုပ်တာလေးတွေ ရှိတယ်။ ဆေးဆိုး၊ ဆံပင်ညှပ်လုပ် ဖြစ်တယ်။ ခင်တဲ့သူတွေဆီ သွား လည်တာမျိုးရှိတယ်။ နောက်ပြီး တော့ မနေ့က ချစ်သုဝေဆိုင်မှာ ပြန့်ကျဲနေတဲ့ We Love Ye Deightအုပ်စုတွေနဲ့ ပြန်ပေါင်းဖို့အတွက် We Love Ye Deight Group က Admin တွေနဲ့ တွေ့တယ်’’ဟု ၎င်းက 7day Daily  ပြောပြခဲ့ပါတယ်။

play

 

ရဲတိုက်ပြန်လည်ရိုက်ကူးချင်တဲ့ ရင်ခွင်နန်းတော်ဇာတ်ကားကို ရွှေထူး၊ မြင့်မြတ်တို့နဲ့ ရိုက်ကူးဖို့ အသိပေးထားကာ အသေးစိတ်ကိုလည်း ထပ်ပြီးညှိဖို့ ကျန်သေးတယ်လို့ သိရပါတယ်။

မီဒီယာ7 အပါအဝင် ရဲတိုက်နဲ့ ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေ ရှိပေမယ့်လည်း ဆာတိုရီနဲ့ အရင်ရိုက်ကူးပြီးမှာသာ အခြားသောတိုက်များနဲ့ ရိုက်ခွင့်ပြုမယ်လို့ ဦးရီဇော်က ပြောပါတယ်။

play

 

သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။

သရုပ်ဆောင်ရဲတိုက် လွတ်မြောက်လာပြီဖြစ်တာကြောင့် ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးအနေနဲ့ အနုပညာအလုပ်တွေကို ပြန်လည်ဆောင် ရွက်နိုင်အောင်၊ ပရိသတ်တွေလည်း စောင့်မျှော်ရကျိုးနပ်အောင် ဇာတ်ကား ကောင်းတွေထုတ်ရိုက်ဖို့ ကြိုးစားနေတယ်လို့ ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက ကိုရီဇော်က  Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

Source : 7day Daily

Photo  : ရဲတိုက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD