AD
AD
AD

လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်ဟာ မိခင်ကို လစဉ် ငွေကြေးအများအပြား ထောက်ပံ့ရုံသာမက မွေးနေ့ရောက်ဖို့ ရက် ၂၀ ကျော်လို သေးပေမဲ့ မွေးနေ့အကြိုအဖြစ် အမေ့ကို သိန်း ၅၀ ကန်တော့ခဲ့ပြီး ဗုဒ္ဓဂါယာကိုပါ ပို့ပေးဦးမယ်လို့ ဆိုပါတယ်။

သူ့အတွက် မိခင်ဟာ အသက်ရှိနေတဲ့ ဘုရားတစ်ဆူလိုပါပဲလို့လည်း ပြောပါတယ်။ မိခင်ကို စိတ်ချမ်းသာအောင်ထားချင်တဲ့ ဒိန်းဒေါင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖွယ်ပါပဲ။

play

 

မိခင်ကို မွေးနေ့အကြိုအနေနဲ့ ကန်တော့ခဲ့တဲ့နဲ့  ပတ်သက်ပြီး သူ့ရဲ့ စိတ်ခံစားချက်ကိုလည်း Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

"ကျွန်တော်က အမေ့ကို အမြဲတမ်း တစ်လကို ငါးသိန်းကန်တော့နေကြပါတယ်။ အခုဟာကတော့ ကျွန်တော့်မွေးနေ့လေး မတိုင်ခင် ပြီးတော့ အမေလည်း ဘာတွေများသုံးချင်မလဲဆိုပြီးတော့ သိန်းငါးဆယ်ကန်တော့လိုက်တာပါ။ အမေ့ ဒါကို ကြည့်ပါဦး ဘာလေးလဲဆိုပြီး ပြလိုက်တာ ပိုက်ဆံထုတ်ကို တွေ့မှ အမေအရမ်းဝမ်းသာသွားပြီးတော့ အမေသေပျော်ပါပြီဆိုပြီးတော့တောင် ပြောလိုက်သေးတယ်။ ကျွန်တော်လည်း အရမ်းဝမ်းသာတယ်။

မျက်ရည်တောင်ဝဲမိပါတယ်။ ကျွန်တော်အဲ့ပုံလေးကို တင်လိုက်တယ်ဆိုတာကလည်း ကြွားဝါချင်လို့မဟုတ်ပါဘူး။ ကျွန်တော့်လိုမျိုး အမေ့ကို ချစ်တတ်စေချင်တဲ့စိတ်နဲ့ တင်လိုက်တာပါ။ ပရိသတ်တွေက အားလုံးဓာတ်ပုံလေးကို ကြည့်ပြီး ကြည်နူးပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဆိုပြီး Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

play

 

ဒိန်းဒေါင်းရဲ့ မွေးနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ကျရောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာလည်း ဒိန်းဒေါင်ကိုးကွယ်နေတဲ့ ဘုန်းကြီးဆီမှာ အလှူလုပ်ဖို့ရှိပြီး နှစ်တိုင်း လုပ်နေကြ အလှူတစ်ခုဖြစ်တဲ့ ဆန်ဝေခြင်းကိုလည်း

မိခင်နဲ့အတူ ကုသိုလ်ယူဖို့ ရှိတယ်လို့ ဆိုပါတယ်။ မွေးနေ့မတိုင်ခင်မှာလည်း မိခင်ကို ဗုဒ္ဓဂါယာဘုရားဖူး ပို့ဆောင်ပေးဖို့ကိုလည်း စီစဉ်နေပါသေးတယ်။ ဒီဇင်ဘာ(၂၉)ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ကတော့ ဒိန်းဒေါင်ရဲ့ ၄၄နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။

play

 

မိခင်ကို အရမ်းချစ်တဲ့ သားတစ်ယောက်အနေနဲ့ မိခင်မေတ္တာကို ဖော်ကျူးတဲ့အနေနဲ့ သီချင်းလေးတစ်ပုဒ် ကိုယ်တိုင်ရေးဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါသေးတယ်။

သီချင်းကတော့ မပြီးသေးပေမယ့် အဲ့ဒီသီချင်းထဲမှာ သူအရမ်းထည့်ချင်တဲ့ စာသားလေးတွေလည်း ရှိပါတယ်။ အဲ့ဒီစာသားလေးကတော့ "ငယ်ငယ်တုန်းက မသိခဲ့ပဲ ဆွဲမိခဲ့တဲ့ အမေ့ဆံပင်လေးတွေ ဖြူနေပြီ၊ ငယ်ငယ်က မှည့်ခြင်ယင်မသန်းအောင် ယမ်းပေးခဲ့တဲ့ အမေ့ရဲ့ လက်လေးတွေ အသားတွေ တွဲကျနေပြီ၊ ငယ်ငယ်က အိမ်ယာဝင်ခါနီး သီချင်းလေးတွေ ဆိုပြီးချော့သိပ်ခဲ့တဲ့ အမေရဲ့ ပါးစပ်လေးဟာ အခုတော့ လေးလံနေပြီ၊ ကဲ ငါတို့ဘာလုပ်ကြမှာလဲ" ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။

play

 

ဒိန်းဒေါင်ဟာ လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ဖြစ်နေပြီး ဒီဇင်ဘာလကုန်မှာလည်း ဒါရိုက်တာ ရာဇဝင်ကိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ရှိတယ်လို့ ပြောပါတယ်။

Photo : ဒိန်းဒေါင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD