AD
AD
AD

သရုပ်ဆောင် မင်းသွေးက HUAWAI novo 2i နဲ့ Media7တို့ ပူးပေါင်းပြီး တင်ဆက်တဲ့ ရင်ခုန်သံ ရှုမြော်ခင်း ခရီးသွားအစီအစဉ် နဲ့  ခရီးတွေ သွားနေပါတယ်။

လက်ရှိမှာ ကယားပြည်နယ်မှာရှိတဲ့ ကယောဒေကို ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။ 

play

 

ကယောဒေသကို ရောက်ရှိနေတုန်း ကလေးငယ်လေးတွေအတွက် လိုအပ်ချက်တွေကို မငြူစူပဲ ဖြည့်ဆည်းပေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီစာသားလေးနဲ့အတူ ကလေးလေးတွေကို မုန့်လေးတွေ ကျွေးပြီး တရုတယ ပြုစုပေးနေတဲ့ သူ့ရဲ့ ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။

play

 

"ကျွန်တော်တို့မှာရှိတဲ့

စစ်မှန်တဲ့မေတ္တာတွေနဲ့

ကမ္ဘာကြီးကို တစ်တောင့်တစ်နေရာကနေ

အေးမြတဲ့ ငြိမ်းချမ်းမှု့တွေပေးကြပါ . . ." ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

play

 

မင်းသွေးကတော့ ခရီးသွားအစီအစဉ်နဲ့ ရိုက်ကူးရေးတွေ လုပ်နေရတာ သွားလာရ ခက်ခဲပြီး ပင်ပန်းတဲ့ ရိုက်ကူးမှုတွေ လုပ်နေရတာတောင် တန်တယ်ဗျာဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်။

"ပင်ပန်းတယ်။ ခက်ခဲတယ်။

နာမကျန်းဖြစ်နိုင်တယ်။

မတော်ရင် ခြေကျိုး၊လက်ကျိုး ဖြစ်နိုင်တယ် ။    

ဒါပေမယ့်

တန်တယ်ဗျာ" ဆိုပြီး ပြောထားတာပါ။

play

 

ရင်ခုန်သံရှုမြော်ခင်း ဆိုတဲ့ ခရီးသွားအစီအစဉ်ကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပေးနေတာ ဖြစ်ပြီး ဒါရိုက်တာ ကိုပေါက်နဲ့အတူ ပါဝင်သွားတဲ့ အနုပညာရှင်တွေကတော့ သရုပ်ဆောင် မင်းသွေး၊ သားငယ်၊ နန်းခင်ဇေယျာ၊ နွယ်ဒါလီထွန်း တို့က ခရီးစဉ်တစ်လျှောက်လုံး ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo : မင်းသွေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD