AD
AD
AD

ခိုးဆိုးလုနှိုက်ရဲ့ အပိုင်း(၂) ဖြစ်တဲ့ တောကျီးကန်း ဇာတ်ကားကြီးကိုတော့ ဒီဇင်ဘာ(၂၂)ရက်နေ့မှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ခိုးဆိုးလုနှိုက်ဇာတ်ကားကြီးဟာလည်း ပရိသတ်များရဲ့ အခိုင်အမာရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

တောကျီးကန်း ဇာတ်ကားမှာတော့ ခိုးဆိုးလုနှိုက်ထဲမှာ ပရိသတ်အားပေးမှု ရရှိထားသူတွေ ဖြစ်တဲ့ ခင်လှိုင်နဲ့ မြင့်မြတ်တို့က အပြိုင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

တောကျီးကန်းကားမှာတော့  ပါဝင်ထားတဲ့ အနုပညာရှင်တွေရဲ့ ခက်ကြမ်းကြမ်းအက်ရှင်တွေ ၊ နူးညံ့သိမ်မွေ့တဲ့ အချစ်လေးတွေ၊ မကောင်းတာလုပ်ရင်သွားရမယ့် ဘဝသင်ခန်းစာတွေကို တောကျီးကန်းမှာ တွေ့ရမှာပါ။

တောကျီးကန်း ရုပ်ရှင်ဇာတ်ကားကြီးဟာ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တာ ဖြစ်ပါတယ်။

play

 

"ခိုးဆိုးလုနှိုက်"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင့်မြတ်၊ ခင်လှိုင်၊ ထွန်းထွန်း၊ နေဒွေး၊ ထွန်းကိုကို၊ သင်ဇာဝင့်ကျော်၊ နိုင်လူ၊ ရဲအောင်၊ မှူးသခင်တို့ ပါဝင်ထားဖြစ်ပြီးတော့ ယခုပြသမယ့် တောကျီးကန်းမှာတော့ မြင့်မြတ်၊ ခင်လှိုင်၊ ထူးခြား၊ မိုးဟေကိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားသလို အခြားသော အနုပညာရှင်တွေလည်း ပါဝင်ထားကြပါတယ်။

အခုရုံတင်ပြသမယ့် တောကျီးကန်းဇာတ်ကားဟာ သူ့ရဲ့ ပထမအဆက်ဖြစ်တဲ့ ပရိသတ်တွေအရမ်းကြိုက်တဲ့ ခိုးဆိုးလုနှိုက် ဇာတ်ကားလောက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မလားဆိုကတော့ မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Postby

 

Photo : တောကျီးကန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD