AD
AD
AD

သရုပ်ဆောင် အိချောပိုက 3 Girls ဇာတ်ကားထဲမှာ မိုးစက်ချို ဆိုတဲ့ ကောင်မလေး အဖြစ်သရုပ်ဆောင် ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီကားထဲမှာ တစ်ကားလုံး အဖြူရောင်လေးတွေကိုပဲ အများဆုံးဝတ်ထားလို့ အဖြူရောင် သရဲမလေး ဖြစ်နေတာကိုလည်း နာလည်ပေးပြီး ချစ်ပေးကြဖို့ကိုလည်း အိချောပို က ပြောထားပါသေးတယ်။

play

 

ပရိသတ်တွေဟာ သူမကို ဒါရိုက်တာ ဝိုင်းနဲ့ ရိုက်ဖူးခဲ့တဲ့ "မိုးရွက်ရိပ်ခို" နဲ့ "ညို့ယောင်မယ်" ဗီဒီယို ဇာတ်ကားလေးတွေနဲ့ သတိထားမိခဲ့သလို ယခုအခါလည်း ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ 3Girls ဇာတ်ကားနဲ့ ပရိသတ်တွေ သတိထားမိပြီး ချစ်ခင်ကြဖို့ကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

play

 

"ဒီကားလေးထဲမှာ တစ်ကားလုံး အဖြူရောင်လေးတွေပဲ အများဆုံးဝတ်ထားလို့ အဖြူရောင်သရဲမလေး ဖြစ်နေတာကို နားလည်ပေးပြီး ချစ်ပေးကြပါနော်... 

ကိုဝိုင်းနဲ့ရိုက်ဖူးခဲ့တဲ့ " မိုးရွက်ရိပ်ခို " နဲ့ " ညို့ယောင်မယ် " video ကားလေးတွေနဲ့ ပရိတ်သတ်တစ်ချို့ သတိထားမိခဲ့သလို ဒီ 3Girls ကားလေးမှာလည်း " မိုးစက်ချို " ဆိုတဲ့ကောင်မလေးအဖြစ် သတိထားမိပြီး ချစ်ခင်အားပေးကြပါအုံးနော်" ဆိုပြီး ပြောထားတာပါ။

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ 3Girls ဇာတ်ကားဟာ ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိနေရုံသာမက ပါဝင်တဲ့ သရုပ်တွေကိုယ်တိုင် ရင်ခုန်စိတ်လှုပ်ရှားမိနေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားမှာတော့ မင်းသားသစ်တစ်ယောက်ဖြစ်တဲ့ အလင်းရောင်ကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ထားပြီး နာမည်ကြီး အနုပညာရှင်များဖြစ်ကြတဲ့ ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသုတို့က မတူကွဲပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲဆိုတာ ရင်ခုန်စရာကောင်းလှပါတယ်။

3Girls ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ(၁၅) ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

Photo : အိချောပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD