AD
AD
AD

"ဂါ" လို့ နာမည်ပေးထားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ Music Video ကို မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

MTV ကို အကောင်းဆုံး ရိုက်ကူးထားပြီး ဂါစီးရီးက ပေါက်သီချင်းတွေကိုသာ MTV ရိုက်ဖို့  ရင်းနှီးသူ အနုပညာရှင်များက အကြံပေးခဲ့ပေမယ့် ရှစ်ပုဒ်အထိ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

play

 

ဂါ MTV အခွေကို ဒီဇင်ဘာ(၁၆) ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး တက်နိုင်တဲ့ ပရိသတ်များအနေနဲ့ အနုပညာရှင်များကို ကူညီတဲ့အနေနဲ့ မူရင်းအခွေကိုသာ ဝယ်ယူအားပေးစေလို့တယ်လို့ ဝိုင်းစုက ဆိုပါတယ်။

‘‘အခွေတွေက တဖြည်း ဖြည်း ကုန်ကျစရိတ်တွေတက်တက်လာ တယ်။ မက်လောက်စရာကနေ မျက်လှည့်ဆိုရင် နှစ်ဆတက် တယ်။ မက်လောက်စရာ စရိုက် တုန်းကဆိုရင် ၁၅ သိန်း၊ မျက် လှည့်ကျတော့ ၃၀။ ဒါက Title သီချင်းပဲရှိသေးတယ်။ အခု ခြောက်ခွေမြောက် ရှိပြီဆိုတော့ အဲဒီမှာတင် ချိန်ကြည့်လို့ရတယ်။ အခုတစ်ပုဒ်ရိုက်ရင် အနည်းဆုံး သိန်း လေး၊ ငါး၊ ခြောက်ဆယ်သွားတယ်’ လို့ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဝိုင်းစုက ဖြေဆိုပေးထားတာပါ။

play

 

ဂါ အခွေထွက်ရှိတဲ့နေ့ ဒီဇင်ဘာ(၁၆) ရက်နေ့မှာပဲ ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ပရိသတ်များနဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်များရေးထိုးမှာ ဖြစ်ပြီး ဒီဇင်ဘာ(၁၇) ရက်နေ့မှာတော့ မန္တလေးမြို့ရှိ မင်္ဂလာမန္တလေးအိုးရှင်းစင်တာမှာ ပရိုမိုးရှင်းပွဲ ပြုလုပ်မယ်လို့  သိရပါတယ်။

ဂါစီးရီးထွက်ပြီးနောက်မှာလည်း ဝိုင်းစုရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲက ပရိသတ်တွေအတွက် ကြိုဆိုလို့ နေပါတယ်။

play

 

သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဒီဇင်ဘာ(၂၄) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ တစ်ကိုယ်တော်ဖျော်ဖြေ

ပွဲ ကျင်းပမှာ ဖြစ်ပြီး မန္တလေးမှာတော့ ဇန်နဝါရီ (၁၆) ရက်နေ့ GoldenCity Event Park မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ဝိုင်းစု FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD