AD
AD
AD

နန္ဒာလှိုင်ကတော့  ပြည်တွင်း လေယာဉ်မစီးတာ (၉)နှစ်ကျော် ကြာခဲ့ပြီလို့ ဆိုပါတယ်။

ယခုအခါမှ ပထမဆုံး လေယာဉ်ပြန်စီးဖြစ်ပေမယ့်လည်း လေယာဉ်စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ ကြုံခဲ့ရတာကြောင့် ဆက်သွားရမယ့် ခရီးအတွက် ရင်ထဲမှာ မကောင်းဘူးဖြစ်ခဲ့ရပါတယ်။

play

 

"ကျောက်ပန်းတောင်းသွားဖို့ မနက်6:45 ပုဂံကိုလေယာဉ်စီးမယ် ဆိုပြီး လေယာဉ်ပေါ်မှာထိုင် ခါးပတ်ပတ် လေယာဉ်ကြီးထွက်ခါနီးမှာ လေယာဉ် စက်ပိုင်းဆိုင်ရာ ပြန်စစ်ဆေးဖို့ရှိပါသဖြင့် ခရီးသည်များ လေယာဉ်ပေါ်မှ ခေတ္တပြန်ဆင်းပြီး နားနေဆောင်မှာ ပြန်နားပေးကြပါဆိုတော့ ဘယ်လိုပြောရမလဲ ဆက်သွားရမယ့် ခရီးအတွက်ရင်ထဲမှာ ဖိုးသိုးဖတ်သပ် ကြီးပေါ့နော်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

ကျောက်ပန်းတောင်းကို သွားဖို့ ခရီးစဉ်ကတော့ ပျက်သွားခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း သူမက ကျောက်ပန်းတောင်းက အမျိုးတို့ကို တောင်းပန်းထားပါသေးတယ်။

'ကျောက်ပန်းတောင်းကအမျိုးတို့ရေ မလာတော့ဘူးနော် ခွင့်လွှတ်ပါ။

နောက်တခါဆက်ဆက်လာပါ့မယ်။ ရင်ထဲမှာကတုန်ကရင်နဲ့အရမ်းကိုကြောက်လို့ပါ။

ဒီတခါမဆုံဖြစ်တဲ့အတွက်စိတ်မကောင်းပါဘူးရှင်" ဆိုပြီး ပြောပြထားပါတယ်။

ကျောက်ပန်းတောင်းကို မလာဖြစ်ခဲ့တဲ့ နန္ဒာလှိုင်အတွက် ပရိသတ်များက စိတ်မဆိုးပဲ သူမဘေးကင်းဖို့အတွက်ကိုပဲ စိတ်ပူပေးနေကြတာ တွေ့ရပါတယ်။

play

 

နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ အနုပညာ ရှင်တစ်ဦးဖြစ် ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD