AD
AD
AD

ဘုဏ်းသိုက်တစ်ယောက် သမီးလေးနဲ့ မတွေ့ရတာ (၁၄) ရက်တောင် ရှိပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဘဝမှာ သမီးလေးဟာ ဘယ်တော့မှ မပျက်မယ့် ဆေးမင်ကြောင် တစ်ခုပါလို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဆိုထားပါသေးတယ်။

ကိုယ်ရေးထိုးခဲ့တဲ့ ဆေးမင်ကြောင်တစ်ကို သေတဲ့အထိ မဖျက်သလို သေတဲ့အထိလည်း မပျက်ဘူးဆိုပြီးတော့ ပြောထားတာကိုလည်း တွေ့ရပါတယ်။

play

 

သမီးလေးကို လွမ်းနေတဲ့ ဘုဏ်းသိုက်ဟာ ခရီးက ပြန်ရောက်ရောက်ချင်းမှာ သမီးလေးကို တွေ့ခဲ့ပါတယ်တဲ့။

"သမီးလေး နဲ့ မတွေ့ရတာ ၁၄ ရက်..

ခရီးက ပြန်ရောက်ရောက်ချင်း သမီးလေးကိုတွေ့တော့

ကိုယ် ဘယ်လောက် လွမ်းနေခဲ့ လဲ ကိုယ့်ကိုကိုယ်

ရိပ်မိတာပေါ့ ...

ဒါပေမယ့်

ဒီလို ညနေခင်းမျိုး ကိုယ် မကြုံစဖူးမို့

စိတ်ထဲမတော့

ထူးအိမ်သင် ရဲ့ " မနက်ခင်း ပွင့်တဲ့ ပန်းလေးထက်ကို

ပိုလှတာ ...." ဆိုတဲ့ သီချင်းပဲ ဇာတ်လမ်းတွေထဲကလို

ထဆိုရတော့ မလိုလို ...။

အင်း ...ဘယ်လိုပဲ ဖြစ်ဖြစ်

မြမိုးဂင်္ဂါဆိုတာ ကိုယ့် အရေပြားထက်က

ဦးဦးဖျားဖျား အက္ခရာ !

ကိုယ် ရေးထိုးခဲ့တဲ့ ဆေးမှင်ကြောင် တစ်ခု..

သေတဲ့ အထိ မဖျက်ဘူး

သေတဲ့ အထိ မပျက်ဘူး ...။

ဘုဏ်းသိုက်

၁၀:ဒီဇင်ဘာ:၂၀၁၇

ရန်ကုန်

(အမေ့အိမ်)" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သမီးလေးနဲ့ ပတ်သက်ပြီး ရေးထားပါတယ်။

play

 

သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ကတော့ ဇူလိုင်(၁၇) ရက်နေ့က နှစ်ဖက်လူကြီးမိဘများရှေ့မှာ ကွာရှင်းပြတ်စဲ ကြောင်းစာချုပ်ကို ရေးထိုးခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၂၄) ရက်နေ့က  ကြေးမုံသတင်းစာမှာ နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲ လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘုဏ်းသိုက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ခရီးသွားအစီအစဉ် တစ်ခု ရိုက်ကူးပြီးစီးထားတာလည်း ဖြစ်ပါတယ်။

Photo : ဘုဏ်းသိုက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD