AD
AD
AD

အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲကတော့ ချစ်သူသက်တမ်း (၂)နှစ်ပြည့်သွားခဲ့ပါပြီ။ ချစ်သူသက်တမ်း (၂)နှစ်ပြည့်တဲ့ နေ့လေးကိုလည်း ချစ်သူနှစ်ယောက်ဟာ ရိုမက်တစ်ဆန်ဆန်လေး ဖြတ်သန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုတို့ဟာ ချစ်သူသက်တမ်း (၂)နှစ်ပြည့်တဲ့ နေ့လေး(ဒီဇင်ဘာ၁၁ရက်)မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်ပြန် အလှန်လှန် လက်ဆောင်ပစ္စည်းလေးတွေ ပေးပြီးတော့ ညပိုင်းမှာလည်း ညစာအတူတူ စားခဲ့ကြပါတယ်။

play

 

ဝါဆိုမိုးဦးကတော့ ဖြိုးလေးအတွက် ပေးလိုက်တဲ့ လက်ဆောင်လေးကတော့ yeezy Boots350V2 ဖြစ်ပါတယ်။ ဖြိုးလေးကတော့ ပျော်နေပါတယ်။ ဖြိုးလေးကတော့ ဝါဆိုအတွက် ဆွဲကြိုးလေး လက်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

(2) years anniversary ဖြတ်သန်းပုံလေးတွေကိုလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားကြပါတယ်။

play

 

သူတို့နှစ်ဦးဟာ ပရိသတ်တွေ အားပေးရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်သလို သူတို့စုံတွဲလေးကိုလည်း ပရိသတ်တွေက လိုက်ဖက်တယ်ဆိုပြီးတော့ မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။

ဖြိုးလေးကတော့ Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Genius ရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

ဝါဆိုမိုးဦး ကတော့ ကလေးသရုပ်ဆောင်ကနေ သရုပ်ဆောင်လောကမှာ နေရာတစ်နေရာရရှိထားသူ တစ်ဦးဖြစ်သလို မော်ဒယ်လောက မှာလည်း အောင်မြင်သူ တစ်ယောက်ဖြစ်ပြီး သီချင်းဘက်မှာလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး "မိုက်လားပြောကြည့်" သီချင်းခွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဖြိုးလေး FB၊ ဝါဆို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD