AD
AD
AD

စိုင်းစိုင်းကတော့ ဒီနေ့(ဒီဇင်ဘာ၁၂ရက်)မှာ ကျင်းပတဲ့ ရုပ်ရှင်ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်ညီလာခံကို တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းဟာ Mask အုပ်ထားခဲ့တာကြောင့် ညီလာခံပွဲကို ရုပ်ဖျက်ကာ လာတယ်ဆိုပြီး ဝေဖန်ခံလိုက်ရပါတယ်။

အဲ့လိုဝေဖန်လိုက်တာဟာလည်း အဲ့ဒီပွဲကို ရောက်ရှိနေတဲ့ မီဒီယာသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

play

 

စိုင်းစိုင်းကတော့ အဲ့ဒီ ဝေဖန်မှုကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သူ့အနေနဲ့ ညီလာခံကို တက်ရောက်လာစဉ် Mask အုပ်ထားတာဟာ နေမကောင်းဖြစ်နေလို့ တပ်ထားခြင်း ဖြစ်ကြောင်း ရုပ်ဖျက်လာတာမဟုတ်ကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ဖြေရှင်းခဲ့ပါတယ်။

သူ့ကို ဝေဖန်ထားတဲ့ စာသားကို Screen Shot ရိုက်ကာ စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်မှာ ပြန်တင်ရင်း “ရုပ်မဖျက်ပါဘူးဗျာ mask တပ်တာနေမကောင်း လို့ပါ ဘယ့်နှယ်အပြစ်ဘဲ မြင်နေတာတုန်း ဆရာမရဲ့” ပြန်လည်ရေးသားခဲ့ပါတယ်။

play

 

ဖြေရှင်းပြီး နာရီပိုင်းလောက်မှာတော့ စိုင်းစိုင်းက သူရေးသားတဲ့ စာသားကို ပြန်ဖျက်သွားခဲ့ပါတယ်။ စိုင်းစိုင်းကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ ဆက်တိုင်သွားနေရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။

play

 

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD