AD
AD
AD

ထားထက်ထက်က နောက်ကျွမ်းထိုးရင်း လက်ကမခံနိုင်ဘဲ ခေါင်းနဲ့ ကြမ်းပြင်နဲ့ ဆောင့်မိသွားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေရင်းနေမကောင်းဖြစ် နေကြောင်း ပြောပြခဲ့ပါတယ်။ ခေါင်းက သံမံသလင်းနဲ့ ထိပြီး ဒုန်းခနဲအသံတောင် ကြားရပါတယ်။

ဒီရက်ပိုင်းအတွင်း နေမကောင်းဖြစ်နေခဲ့တဲ့ သူမကတော့ အက်ရှင်ကားတစ်ကား ရိုက်ရင်း မတော်တဆဖြစ်သွားခဲ့တာပါ။

play

 

နောက်ကျွမ်းထိုးရင်းနဲ့ လက်နဲ့ ကျရမယ့်အစား ခေါင်းနဲ့ သံမံတလင်းပေါ်သို့ ကျသွားခဲ့တာ ဖြစ်ပါတယ်။ ပြုတ်ကျပြီး မူးသွားတာ လူလည်း နဲနဲ ပလပ်ကျွတ်သွားတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ရေးသားထားပါတယ်။

"ဇာတ်ကားရိုက်နေတဲ့အချိန် နေကမကောင်း ၊ မနက်ပိုင်း ကလေးလေးတွေ ကျွမ်းဘားသင်၊ ရှုတင်ပြေး၊ ထမင်းမစားဖြစ် လူရော စိတ်ရော အရမ်းပင်ပန်းနေတော့ ငိုတဲ့အခန်းတွေရိုက်မရ၊ ငိုတဲ့အချိန် နှာအသေစီးနေတော့ မျက်ရည်အစား နှာရည်တွေပဲ တပြွတ်ပြွတ်ကျနေတော့ရော ရိုက်တော့လဲ အက်ရှင်တွေ ရိုက်တာဆိုတော့လေ ဂျွမ်းတွေလှိမ့်ထိုး နေကမကောင်း၊ နေပူထဲတွေ ပြေးရနဲ့ဆိုတော့ စုံပလုံပြီး ဂျွမ်းထိုးတာ လက်ကမခံနိုင်တော့ပဲ ခေါင်းနဲ့ပါ ပြုတ်ကျတာ ဒုန်းခနဲသာ ကြည့်တော့   ပြုတ်ကျပြီး မူးသွားတာ လူကနဲနဲတော့ ပလပ်ကျွတ် သွားတယ်" ဆိုပြီး ပြောပြထားပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်တင်ပေးလိုက်တယ်နော်။

play

 

Postby

 

သူမရဲ့ အကြောင်းလေး ရေးထားရင်းနဲ့ သူမ ဖေ့စ်ဘွတ်ပေါ်က ဘယ်နှစ်ရက်ပျောက်နေလဲကအစ သတိထားမိနေတဲ့  ပရိသတ်တွေကိုလည်း သတိရနေပေးလို့ ကျေးဇူးတင်ကြောင်း ပြောပြထားပါသေးတယ်။

ပရိသတ်တွေအတွက် ပုံလေးတွေနဲ့ စာလေးတွေကို ပံမှန်တင်ဖြစ်အောင်လည်း ကြိုးစားပ့ါမယ်တဲ့။ သူမကတော့ လက်တလော စိတ်ရောလူရော ပင်ပန်းနေလို့ အနားယူဖို့ လိုနေပြီလို့လည်း ဆိုထားပါတယ်။ အဲ့ဒါကြောင့် သူမဘယ်ကိုသွားပြီး အနားယူရင် ကောင်းမလဲဆိုပြီးတော့လည်း ပရိသတ်တွေကို မေးထားပါသေးတယ်။

Photo : ထားထက်ထက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD