AD
AD
AD

သရုပ်ဆောင် မေပန်းချီက ဒီဇင်ဘာ(၁၃) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို တစ်နေကုန် အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ အလှူအတန်းတွေနဲ့ ဖြတ်သန်းပြီး ညပိုင်းမှာတော့ သူမရဲ့ သူငယ်ချင်းတွေ အနုပညာမောင်နှမတွေနဲ့အတူ မွေးနေ့ပွဲလေး ပြုလုပ်ခဲ့ပါတယ်။

သူမကတော့ မွေးနေ့ပွဲလေးအပြီး နောက်နေ့မနက်မှာ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အပေါင်းအသင်း သူငယ်ချင်းတွေကို တောင်းပန်ထား ပါသေးတယ်။

play

 

"ညကတာဝန်မကျေခဲ့တဲ့ အပေါင်းအသင်းမိတ်ဆွေတွေရှိရင် ကြိုတင်တောင်းပန်ပါရစေနော်။ ဘယ်သူတွေပြန်လို့ နူတ်မဆက်လိုက်ရလဲ ဆိုတာလဲ မမှတ်မိတော့ဘူးရယ် နောက်ဘယ်သူတွေကျန်ခဲ့လဲ မူးရင် ဘာတွေပြောပြီးဘာတွေလုပ်မိမှန်းမသိဘူး " ဆိုပြီး ရေးသားထားတာပါ။

မေပန်းချီဟာ မွေးနေ့မှာ  နံနက် (၆) နာရီကစလို့ သူမချစ်ရတဲ့ NAC (HIV) AIDS Care center က ကလးတွေနဲ့အတူမနက်စာလှူဒါန်းပြီး (၈)နာရီအထိအတူတူကလေးတွေနဲ့ရှိနေခဲ့ပါတယ်။

play

 

ပြီးတာနဲ့ န့ဆွမ်းကပ်တရားနာပြီး န့လည်(၁၂)နာရီလောက်မှာ သန်လျင် လုမ္မနီဘိုးဘွားရိပ်သာမှာ သူမချစ်ရတဲ့ ဖိုးဖိုးဖွားဖွားတွေနဲက နေ့လည်စာလှူဒါန်းဖြစ်ခဲ့ပါတယ်။

နေ့လည် (၃)နာရီမှာ လိုင်သာယာမှာရှိတဲ့ ကလေးများကို ကြိုက်တဲ့သူဝင်စားနိုင်တဲ့ စတုဒီသာထမင်းဟင်းများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ကလေးတွေ ဘိုးဘွားတွေနဲ့ မွေးနေ့ကို တစ်နေ့ကုန် ဖြတ်သန်းပြီးနောက် ညနေ(၆)နာရီကျရင်မှာတော့ သူမချစ်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ဖြတ်သန်းခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo : မေပန်းချီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD