AD
AD
AD

ရုပ်ရှင်မင်းသားဘဝကနေ ပရဟိတသမားကြီးဖြစ်လာကာ လူတိုင်း ချစ်ခင်လေးစားရတဲ့ ဦးကျော်သူက သူ့ရဲ့အတွေ့အကြုံကို ပြောပြလို့ လူငယ်တွေကို လမ်းမှားမလိုက်ဖို့ ပြောလိုက်တာဖြစ်ပါတယ်။ သူကတော့ သားကောင်ဖြစ်ခဲ့ဖူးပါတယ်တဲ့။ မူးယစ်နဲ့ အရက်ဟာ လူသားတွေအတွက်

ဘဝပါပျက်ပြီး လူညွှန့်တုန်းသွားစေတဲ့အရာဖြစ်ပြီး လူ့လောကကြီးကနေ အစောကြီး ထွက်သွားရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

မူးယစ်၊ အရက်ထက် လူကို ပိုပြီး စွဲသွားစေတဲ့ ပရဟိတကို လုပ်ကြည့်ဖို့ကိုလည်း ပြောပြထားပါတယ်။

play

 

"ငါကတော့ သားကောင်ဖြစ်ခဲ့ပြီးပြီ။

ဒါကို မင်းတို့က ချကြွေးဖို့ကြိုးစားနေရင်တော့ မှားမယ်။ဘ၀ပါပျက်ပြီးလူညွန့်တုန်းသွားမယ်။

ရှင်းရှင်းပြောရရင် လူ့လောကကြီးကနေအစောကြီးထွက်သွားရမယ်။

မင်းတို့ ပရဟိတကိုစွဲစွဲမြဲမြဲလုပ်ကြည့်ပါ။ မင်းတို့စွဲနေတဲ့ "မူးယစ်၊အရက်ထက် ပရဟိတကပိုစွဲစေတယ်" ဆိုတာကို မင်းတို့သိသွားမယ်။

ခင်ဗျားက အကုန်လုံးအားရအောင်လုပ်ပြီးမှကျုပ်တို့ကိုလာနားမချနဲ့လို့ပြောအုံးမှာကို ငါသိတယ်။

အေး...ငါကလည်း မင်းတို့လိုဘဲ အကောင်းကြိုက်ဘဲ။ ဒီတော့ ကောင်းရင် ငါဆက်လုပ်မှာဘဲ။ဆက်ချနေမှာဘဲပေါ့။

ခုဟာက မကောင်းလို့ ငါနားလိုက်တာလေ။ ကျန်းမာရေးကိုထိတယ်။ မိသားစု ပါတ်ဝန်းကျင်အလည်မှာမျက်နှာငယ်ရမယ်။

ကိုယ့်လုပ်ငန်းတွေထိခိုက်မယ်။ လိမ်တတ်မယ်၊ညာတတ်လာမယ်။ စာရိတ္တတွေပျက်စီးမယ်။

ကိုယ်ကျင့်သီလတွေဖေါက်ပြန်မယ်။ ဒီတော့ မူးယစ်၊အရက်ရဲ့သားကောင်တော့အဖြစ်မခံကြနဲ့ဟေ့။

ငါက ကိုယ်ချင်းစာစိတ်နဲ့မင်းတို့ကိုချစ်လို့ နှမြောလို့ ပြောတာကွ။

ပရဟိတ ဆိုရင်တော့ နာကူရန်ကုန်က ရက်စ်(Yes)ပါဘဲ။

မူးယစ်၊အရက် ဆိုရင်တော့ နာကူရန်ကုန်က နိုး(NO)ပါဘဲ။

(ကျော်သူ)" ပါဆိုပြီး ရေးသားထားပါတယ်။

play

 

ဦးကျော်သူဟာ ပြီးခဲ့သော လပိုင်းလောက်ကလည်း ဆေးလိပ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ကိုယ်တိုင်ခံစားခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပြောပြထားတာတွေလည်း ရှိပါတယ်။

ဆေးလိပ်ကြောင့် နံရိုးများကို ဖြတ်တောက်ပြီး နှလုံးသားကို အပြင်ထုတ် ခြေသလုံးနဲ့ လက်ဖျံကိုလှီးပြီး သွးကြောများကိုထုတ် နှလုံးသားမှာ သွေးကြောများအစားထိုးတပ်ဆင်ရထားပါသေးတယ်။

Photo : ကျော်သူ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD