AD
AD
AD

သရုပ်ဆောင် ကေညီဟာ ဒုတိယမြောက် သားရတနာလေးကို ဒီနေ့ (ဒီဇင်ဘာလ ၁၅ ရက်) နေ့မှာ ရရှိလိုက်တာ ဖြစ်ပါတယ်။ သားတစ်ဦးရှိပြီးဖြစ်တဲ့ ကေညီနဲ့ သူ့ရဲ့ဇနီးဟာ ဒီနေ့မနက် ၇ နာရီမှာ ၇ ပေါင်နဲ့ ၅ အောင်စရှိတဲ့ ကျန်းမာသန်စွမ်းလှတဲ့ သားငယ်လေးကို ဗဟန်းမြို့ရှိ Woman Center မှာ မွေးဖွားလိုက်တာ ဖြစ်ပါတယ်။

play

 

"    ရေးးးး ...Happy Birthday...သားလေးမွေးပြီဟေ့ ၇နာရီ ၇ပေါင်နဲ့၅အောင်စ တဲ့ဟေ့" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားခဲ့ပါသေးတယ်။

အဆိုတော် ယုံလေးကလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆေးရုံကို သွားရောက်ခဲ့ပါသေးတယ်။

"ကျွန်တော်တို့ ဗိုလ်ကြီး

Kညီ ရဲ့ ဒုတိယမြောက်သားလေမနက်ဖြန်မွေးတော့မှာ.

ကြိုပြီး တော့Congratulation par" လို့ ယုံလေးက အကြိုဂုဏ်ပြုစကားဆိုခဲ့ပါသေးတယ်။

play

 

ကေညီဟာ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားအများအပြားမှာ ဇာတ်ပို့တစ်ဦးအနေနဲ့ ပါဝင်ခဲ့သူပါ။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်အသိအမှတ်ပြုတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

သားရှင်ကြီး ကေညီကတော့ နောက်ဆို သားတွေကြောင့် ပိုပြီး မျက်နှာပွင့်တော့မှာပေါ့နော်။

ကေညီကို အားပေးတယ်ဆိုရင် သူ့ကို Congratulation လုပ်ပေးကြပါဦး။

Photos : ကေညီFB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD