AD
AD
AD

စိုးသူက ဒီဇင်ဘာ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ စိုးမြတ်နန္ဒာအတွက် မွေးနေ့ ဆုတောင်းလေး ပို့စ်လေးကို မွေးနေ့ရက်လေး မကုန်ဆုံးခင် မိနစ်ပိုင်းအလိုမှာ တင်လိုက်တာ ဖြစ်ပါတယ်။

စိုးသူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စိုးမြတ်နန္ဒာရဲ့ ပုံလေးနဲ့အတူ HAPPY BIRTHDAY ဆိုတဲ့ စာသားလေးနဲ့အတူ အသည်းပုံလေးကို ရေးကာ မွေးနေ့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

play

 

စိုးမြတ်နန္ဒာကတော့ အသက်(၃၈)နှစ်ပြည့်တာ ဖြစ်ပါတယ်။  သူမရဲ့ မွေးနေ့လေးမှာ ဘုန်းတော်ကြီး ပညာသင်ကျောင်းက ကလေးတွေအတွက် SMND’s Group နဲ့အတူစာသင်ခုံ တွေလှူထားတာ ရေစက်ချတယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့လေးကို သူမကို ချစ်တဲ့ မိသားစု၊

ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းပေးတာလေးတွေကို အမြတ်တနိုးဖတ်ရင်း မွေးနေ့ညလေးကို ကျော်ဖြတ်ပ့ါမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။

play

 

"၁၈ နှစ်ပြည့်ကစလို့ မွေးနေ့စလုပ်ခဲ့တဲ့ ကျွန်မ .. ၂၅ နှစ်ပြည့်မှာ နောက်ဆုံးလုပ်ပြီး အသက်တွေကို မေ့နေခဲ့တာကြာပေါ့။ အသက်လဲရလာတော့ ၃၆နှစ်ပြည့် မွေးနေ့မှာ ဆရာတော်ဘုရားကြီးတရားပွဲအလှူလေး လုပ်ရင်း ကိုယ့်အသက်ကိုယ်ပြန်မှတ်မိလာခဲ့တယ် ။ သေခြင်းတရားနဲ့ ဘယ်လောက်နီးလဲ ဝေးနေလဲ မသိပေမဲ့ မွေးနေ့တိုင်းမှာတော့ သေဖို့ မေ့နေတာ အမှန်ပဲ .

ချစ်သူတွေက ပျော်အောင်ဖန်တီးပေးကြတယ်လေ အခုလည်းး ......

ကျွန်မ ချစ်တဲ့ မိသားစု , ချစ်ခင်ရတဲ့မိတ်ဆွေ တွေ , ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းပေးတာလေးတွေ အမြတ်တနိုးဖတ်ရင်း ဒီညလေးကို ကျော်ဖြတ်ပါ့မယ် ..." ဆိုပြီး ပြောထားတာပါ။

play

 

စိုးသူနဲ့ စိုးမြတ်သူဇာတို့ စုံတွဲကတော့ ခရီးတွေ အတူတူသွားဖြစ်နေတာလည်း တွေ့ရပါတယ်။အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

 

စိုးမြတ်နန္ဒာကတော့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

သားဖြစ်သူရဲ့ ဝေယာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။

Photo : စိုးသူ FB၊ စိုးမြတ်နန္ဒာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD