AD
AD
AD

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ ဟန်းနီးမွန်းခရီးစဉ်လေး စတင်လို့နေပါပြီ။ ပထမဦးဆုံး ဟန်းနီးမွန်းခရီးစဉ်လေးအဖြစ် မော်ဒိုက်ကမ်းခြေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဟန်းနီးမွန်း ခရီးစဉ်ကို ဒီဇင်ဘာ(၁၄) ရက်နေ့က စတင်လိုက်တာ ဖြစ်ပါတယ်။ မော်ဒိုက်ကိုရောက်နေတဲ့ သူတို့ရဲ့ နှစ်ယောက်တွဲ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

play

 

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းရဲ့ ဖူးစာဘက်ကတော့ အနုပညာလောကထဲက မဟုတ်ပဲ အပြင်လောကက ဖြစ်ပါတယ်။ ကိုတာတာမျိုး လို့ ခေါ်တဲ့ ချစ်သူနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

ခင်ပွန်းလောင်း ကိုတာတာမျိုးကတော့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းထက် လေးနှစ်ကြီးပြီး သူမရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း နားလည်မှု ပေးထားတယ်လို့ ဆိုပါတယ်။

play

 

"ချစ်သူသက်တမ်း သုံးနှစ်ခွဲလောက်ရှိပြီး ခင်ပွန်းလောင်းက နန်းမြတ်ထက် လေးနှစ်ကြီးပါတယ်။ အလုပ်နဲ့ပတ်သက်လို့ သူကတော့ နားလည် ပေးထားတယ်။ ဘာမှလည်း ဝင်မလုပ်ဘူး၊ မစွပ်ဖက်ဘူး ကိုယ်နဲ့ ကိုယ့်အစ်မပဲ တိုင်ပင်ပြီးလုပ်ဖြစ်တာများတယ်။ သူနဲ့ကိုယ့်ကြားမှာ ထွေထွေ ထူးထူး အမှတ်တရရယ်လို့တော့မရှိပါဘူး ကိစ္စတိုင်းကတော့ အမှတ်တရဖြစ်ပါတယ်။ သူကတော့ နန်းမြတ်အတွက် ယုံကြည်အားကိုး ရမယ့် လူတစ်ယောက်လို့ ထင်ပါတယ်'' လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။

play

 

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။

မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD