AD
AD
AD

ပရိသတ်တွေရဲ့ အချစ်တော် ဖွေးဖွေးကတော့ ကရင်နှစ်သစ်ကူးလေးကို သီချင်းလေးနဲ့ ကြိုဆိုလိုက်တာပါ။ သီချင်းစာသားလေးရေးပြီး ကရင်နှစ်သစ်ကူးလေးကို ကြိုဆိုတာလေးကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးပြီး တင်ထားတာ ဖြစ်ပါတယ်။

"ဒုံးရိမ်းတွေ ရင်ထဲရောက်လာတယ်.. .နှလုံးသားလေး ဒုံးရိမ်းကနေတယ်.. ရိုးသားတဲ့ ကရင် မလေးရယ်

မေ့ပျောက်လို့မရတော့ဘူးထင်တယ် ။ Happy ကရင် နှစ်သစ်ကူး... ဝေး..." ဆိုပြီး ရေးသားထားတာပါ။

play

 

လက်ရှိမှာ ဖွေးဖွေးက 3 Girls အဖွဲ့သားတွေနဲ့အတူ ပရိသတ်များနဲ့ တွေ့ဆုံပွဲတွေမှာ ပါဝင်လျက်ရှိပါတယ်။

သူမပါဝင်ထားတဲ့ 3 Girls ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်များရဲ့ အားပေးမှု ရရှိနေတာကို တွေ့ရပါတယ်။ 3 Girls ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဝိုင်းက ရိုက်ကူးထားတား ဖြစ်ပြီးတော့ အလင်းရောင်၊ အိချောပို၊ ပိုင်ဖြိုးသုနဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာ ဖွေးဖွေးက အရင်တုန်းက သူမကို မြင်တွေ့နေကျ ပုံစံမဟုတ်ပဲ စိတ်ပုတ်တဲ့ ကောင်မလေး တစ်ယောက်အဖြစ် တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

play

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD