AD
AD
AD

သရုပ်ဆောင် ယုသန္တာတင်က ဘားအံဘက်ကို ရောက်နေတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးရေးနဲ့ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

သူမနဲ့ အတူ ရတနာဗိုလ်နဲ့ ရွှေသမီးတို့လည်း ပါတယ်လို့ ဆိုပါတယ်။ ဘားအံမှာ ဇာတ်ကားရိုက်ကူးနေရင်း သဘာဝရှုခင်းတွေနဲ့အတူ အလှဓာတ်ပုံလေးတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။

play

 

သဘာဝရှုခင်းလေးတွေနဲ့ အပြိုင်လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ယုသန္တာတင်ဟာ ခရီးသွားရတာကို ကြိုက်နှစ်သက်သူလည်း ဖြစ်ပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်မှာ ရိုက်ကွင်းပုံတွေ တင်ထားထက် ခရီးသွားဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

"ခရီးသွားတဲ့အခါကျရင် ကိုယ်မရောက်ဖူးသေးတဲ့ နေရာဒေသကျရင် အဲ့ဒီနေရာရဲ့ လှတဲ့ရှုခင်းလေးတွေ ကိုယ်မစားဖူးတဲ့အစား အစာလေးတွေ မြည်းစမ်းရတာ သဘောကျပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရဲ့ ရှုခ င်းတွေ၊တစ်နေရာသွားလို့ရှိရင် သူတို့ဆီမှာ ထင်ရှားတဲ့အထိမ်းအမှတ်နေရာတွေကို သွားဖြစ်တယ်။ နေရာတစ်ခုသွားမယ်ဆိုရင် ဒီဒေသက ဘယ်လိုအစားအစာထင်ရှားလဲပေါ့ အဲ့ဒါလေးတွေကိုလိုက်ပြီးကြည့်ဖြစ်တယ်။နိုင်ငံတစ်နိုင်ငံကို သွားမယ်ဆိုရင်တော့ အမှတ်တရတွေက အများကြီးပါပဲ။ ကိုယ်မရောက် ဖူးသေးတဲ့နေရာတွေကို သွားရတာဖြစ်တဲ့အတွက် နေရာတိုင်းကတော့ အမှတ်တရတွေချည်းပါပဲ'' လို့ သူမက ယခင်က Duwun Media ကို ခရီးသွားခြင်း နဲ့ ပတ်သက်ပြီး ဖြေဆိုပေးခဲ့ဖူးပါတယ်။

play

 

ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွေကို စီစစ်ရွေးချယ်ပြီး ရိုက်ကူးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo : ယုသန္တာတင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD