AD
AD
AD

အေးမြတ်သူကတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြဖြစ်တဲ့ မေမြို့ ပန်းပွဲတော်ကို ရောက်နေပါတယ်။ သူမလည်း အဲ့ကို ရောက်နေသလို ပန်းပွဲတော်မှာ ဘယ်သူတွေ ရှိလည်းဆိုပြီး ပရိသတ်တွေကို မေးထားပါသေးတယ်။

ပန်းပွဲတော်ကို ရောက်နေတဲ့ သူမက အလှဓာတ်ပုံတွေ အများကြီးလည်း ရိုက်ခဲ့ပါသေးတယ်တဲ့။

play

 

သူမရဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က တင်ပြီးတော့ ယခုလို စာသားလေးလည်း ရေးသားထားတာ တွေ့ရပါတယ်။

"မမြတ်လေး ဘယ်ရောက်နေလည်း သိလားရှင့်

အေးချမ်းပြီးလှပတဲ့မြို့လေး.....

လိပ်ပြာလှလှလေးတွေ ပျော်စံရာ မြို့လေး......

ချစ်ရသူတွေ အတွက် ဓာတ်ပုံတွေ များကြီးရိုက်ခဲ့တယ်ရှင့်......

မေမြို့ ....ပန်းပွဲတော် မှာ ဘယ်သူတွေရှိလည်းရှင့်"  ဆိုပြီး ပြောထားပါသေးတယ်။

play

 

အေးမြတ်သူကတော့ လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ(၂၀) ရက်နေ့မှာ ရိုက်ကူးမယ့် တန်ဖိုး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီဇင်ဝိုင်း၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော် တို့နဲ့အတူ သရုပ်ဆောင်ရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အနုပညာတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေတဲ့ ဒါရိုက်တာ John La Raw က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာ ပါဝင်ရမယ့် သူမရဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး Duwun Media ကို ယခုလို ပြောပြခဲ့ပါသေးတယ်။

'' အေးမြတ်သူကတော့ မိဘမဲ့ တစ်ကောင်ကြွက် မူးယစ်ဆေးရောင်းချတဲ့ကောင်မလေးတစ်ယောက်။ ပြီးတော့ အမှတ်တမဲ့ သူသံယောဇဉ် တွယ်မိတဲ့ ကောင်လေးနဲ့ ဇာတ်လမ်းလေးပေါ့နော်။ ဒီဇာတ်လေးကိုဖတ်ရင်းနဲ့ ရလိုက်တဲ့အရာတစ်ခုက လောကမှာ ဘယ်နေရာမှာမှ အမှိုက်ဆို တာမရှိဘူး၊ ဘာမှအသုံးမတည့်တဲ့ သူဆိုတာမရှိဘူး။ အသုံးမဝင်တဲ့သူဆိုတာ မရှိဘူး လူတိုင်းလူတိုင်း၊ အရာဝတ္ထုတိုင်းက သူ့နေရာနဲ့သူ တစ်ခုစီ ကတော့ တန်ဖိုးရှိကြတယ်။'' လို့ ဆိုပါတယ်။

play

 

တန်ဖိုးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ(၂၀) ရက်နေ့တွင် ရန်ကုန်မှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။

Photo : အေးမြတ်သူ FB ၊ Junoe

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD