AD
AD
AD

ပွင့်လင်းရာသီ ရောက်လာတာနဲ့အမျှ အနုပညာရှင်တွေ တော်တော်များများ ခရီးတွေထွက်ပြီး ဖျော်ဖြေပွဲတွေ ဆက်တိုက်ဆိုသလို သွားနေရပါပြီ။ အဲ့ထဲမှာတော့ အဆိုတော် အိမ့်ချစ်လည်း ပါဝင်လို့နေပါတယ်။

အိမ့်ချစ်လည်း လက်ရှိမှာ ခရီးတွေ ဆက်တိုက်သွားနေရသလို ဒီဇင်ဘာ တစ်လလုံးကတော့ အိမ်မကပ်တဲ့ လပဲဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

ဘားအံကနေ ရန်ကုန်ကို  ပြန်ရောက်ပြီး သုံးနာရီလောက်ပဲ အိပ်ရသေးသလို အခုဆိုရင် ကလေးဘက်မှာ ရှိုးဆိုဖို့အတွက် လေဆိပ်ရောက် နေပြီတဲ့။ အိပ်ချိန်မရှိ အလုပ်တွေ ဆက်ဆိုက်လုပ်နေရပေမယ့်လည်း သူမကတော့ ပျော်ပါတယ်ဆိုပြီး ပြောထားပါတယ်။

"ညကဘားအံမှာဆိုပြီး ရန်ကုန်ချက်ချင်းပြန် အိမ်ရောက်တော့ ၃နာရီလောက်အိပ် ခုတော့ ကလေးကိုခရီးဆက်ဖို့ လေဆိပ်ရောက်နေပြီ ၅ရက်နေ့ထဲက အိမ်ကနေခရီးဆက်ရတာ မနေ့ကတစ်ည နာရီပိုင်းလေးပဲ အိမ်ပြန်လိုက်ရတယ်။ ဒီလကတော့ အိမ်မကပ်တဲ့လပဲ ဒါပေမယ့်လဲပျော်နေတာပဲ" ဆိုပြီး ရေးသားထားပါတယ်။

play

 

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈"  ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

play

 

နိုဝင်ဘာ(၃) ရက်နေ့က ကျင်းပခဲ့တဲ့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

သူမရဲ့ ပထမဆုံး ဖျော်ဖြေပွဲကြီးကိုတော့ ပရိသတ်တွေများစွာ လာရောက်အားပေးခဲ့ကြသလို သူမရဲ့ ဖျော်ဖြေတင်ဆက်မှုများက ပရိသတ်တွေနဲ့ ထပ်တူကျခဲ့ပါတယ်။

Photo : အိမ့်ချစ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD