AD
AD
AD

သရုပ်ဆောင် ကျော်ကျော်ဗိုလ်က ပရိသတ်တွေ အားလုံးနဲ့ သံသရာမကုန်သေးသ၍ ရေစက်ဆုံချင်သေးတာကြောင့် အစီအစဉ်လေး တစ်ခုပြုလုပ်လိုက်ပါတယ်။

အဲ့ဒီအစီအစဉ်လေးက ရရှိလာတဲ့ ငွေကြေးတွေကို နှစ်သစ်ကူးအလှူအနေနဲ့ ပရဟိတလုပ်ငန်းတခုခုလုပ်မယ်ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

play

 

ယင်းအစီအစဉ်က သူတင်ထားတဲ့ ပို့စ်အောက်မှာ Like တစ်ခုကို (၃)ကျပ်၊ comment တစ်ခုကို (၂) ကျပ်၊ Share တစ်ခုကို (၁)ကျပ်ဆိုပြီး သတ်မှတ်ထားတာတွေ့ရပါတယ်။

"စုစုပေါင်းရတဲ့ပိုက်ဆံတွေကို    နှစ်သစ်ကူးအလှုအနေနဲ့ ပရဟိတလုပ်ငန်းတခုခုကို လှုပါမယ်။

အားလုံးကိုယ်စားကျွန်တော့်အနုပညာချွေးနည်းစာနဲ့လှုမှာပါ။

( Minimum=10,000ကျပ်,Maximum=500,000ကျပ်) အတွင်းဘာလို့လည်းဆိုတော့ ...

သံသရာမကုန်သေးသ၍...ခင်ဗျားတို့အားလုံးနဲ့ရေစက်ဆုံချင်သေးလို့   

(လက်တွေ့ဘဝထဲမှာပဲဖြစ်ဖြစ်,ပုံရိပ်ရောင်ဘဝထဲမှာပဲဖြစ်ဖြစ်ပေါ့ )

That’s My Idea  

ကျော်ကျော်ဗိုလ့်စိတ်ကူး " ဆိုပြီး ပြီးခဲ့တဲ့ မိနစ်ပိုင်းလောက်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေကလည်း သူ့ရဲ့ စိတ်ကူးကို လက်ခံထားကြတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီပို့စ်တင်ပြီး တစ်နာရီအတွင်းမှာတော့ သူ့ရဲ့ Like ပေါင်းကိုးထောင်ကျော် ရှိခဲ့ပါတယ်။

play

 

ကျော်ကျော်ဗိုလ်ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့မှာ တော်ဝင်ဂါးဒင်းဟိုတယ်မှာ နှင်းဆီအဖွဲ့နဲ့ ကပြဖျော်ဖြေဖို့ ရှိတယ်လို့ သိရပါတယ်။

Photo : ကျော်ကျော်ဗိုလ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD