AD
AD
AD

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကြီးဟာဆိုရင် မကြာခင် ကာလပိုင်းလောက်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဥက္ကဌသစ် ဦးဇင်ဝိုင်းရဲ့ လက်ထပ်မှာ ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်လို့နေပါတယ်။

၂၀၁၈ခုနှစ်ထဲမှာ ကျင်းပမယ့် ၂၀၁၇ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ မှာတော့ အကယ်ဒမီရုပ်တုတွင် ပါဝင်တဲ့ ရွှေသားကြယ်ကို ယခင်က (၂)ကျပ်သား ချီးမြင့်ခဲ့ရာ ယခုနှစ်မှာတော့ ရွှေသားကြယ် (၅) ကျပ်သားချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ထပ်အစီအစဉ်သစ်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ တသက်တာ ရုပ်ရှင်ထူးချွန်ဆုအတွက် ရွှေသားကြယ် (၅)ကျပ်သားအပြင် သက်ရှိထင်ရှားရှိနေစဉ် ကာလတစ်လျှောက်မှာ လစဉ်ချီးမြှင့်ငွေ ကျပ်(၅)သိန်း ပါ ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ဥက္ကဌ ဦးဇင်ဝိုင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

ယင်းကိစ္စတွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ အဆိုပြုလွှာ အောင်မြင်ခဲ့တဲ့ Forever Group ၊ ဆက်စပ်ကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

"ယင်းကိစ္စအဝဝအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အဆိုပြုလွှာအောင်မြင်ခဲ့သော Forever group နှင့် ဆက်စပ်ကုမ္မဏီများမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး Forever group အနေဖြင့် အခမ်းအနားကျင်းပရန် ကျပ်သိန်း ၃၀၀၀ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းငွေ  ကျပ်သိန်း ၃၀၀၀  တို့ဖြင့်ယနေ့ လေ့လာသူများ ရှေ့မှောက်တွင်အဆိုပြုလွှာ အောင်မြင်ခဲ့ပါသည်။ အခမ်းအနားကျင်းပရန် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၃၀၀၀ တွင် အထက်ပါရွှေကြယ်များ ကုန်ကျစရိတ် ပါဝင်ခြင်းမရှိပဲ ယင်းရွှေကြယ်များ ကျသင့်ငွေတန်ဘိုးအပြင် ကြွရောက်လာသူ တစ်ဦးလျှင် ကျပ် ၅၀၀၀ ဖိုးကျွေးမွေးဧည့်ခံစရိတ် ရေသန့် အအေးတို့အတွက် ကုန်ကျစားရိတ်တို့ကိုပါ Forever groupမှ သီးခြားကျခံသုံးစွဲသွားမည် ဖြစ်သည်။" ဆိုပြီး ရေးသားထားပါတယ်။

play

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုတာက တစ်နှစ်တစ်ကြိမ် ရုပ်ရှင်အထူးချွန်ဆုံးသူတွေကို ပေးအပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားကို ၁၉၅၂ခုနှစ်ကတည်းက ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၅၂ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ အကယ်ဒမီပေး ပွဲဟာ တစ်ဦးချင်းထူးချွန်ဆုအဖြစ် ရွှေစင်ရုပ်တုနဲ့တကွ ငွေသားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

play

 

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

Photo : ဇင်ဝိုင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD