AD
AD
AD

၂၀၁၇ ခုနှစ်အတွင်းမှာ အနုပညာရှင်တွေ တော်တော်များ အိမ်ထောင်ပြုကြပြီး တချို့အနုပညာရှင်တွေကတော့ ရင်သွေးလေးတွေ ကိုယ်စီ ပိုင်ဆိုင်သွားကြပါပြီ။ ၂၀၁၇ခုနှစ်အတွင်းမှာ အိမ့်ဆည်းလည်းလေးတွေ ရရှိသွားတဲ့ အနုပညာရှင်တွေကို Duwun ပရိသတ်များအတွက် ဖော်ပြပေးလိုက်တယ်နော်။

၁။ ကောင်းခန့်

play
Photo - ကောင်းခန့်

 

ကောင်းခန်းရဲ့ သမီးဦးလေးက ကောင်းခန့်တို့ရဲ့ ဘဝထဲကို မင်္ဂလာသက်တမ်း (၁)နှစ်ပြည့်တဲ့နေက ရောက်ရှိလာတာဖြစ်ပါတယ်။ သမီးကိုတော့ မကြာဖြူကောင်းခန့်ကို ဇူလိုင်(၁၇) ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာပါ။

ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ပြီ ဖြစ်တဲ့ သရုပ်ဆောင် ကောင်းခန့်နဲ့ မရူပါတို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲကို ဇူလိုင်လ(၁၇)ရက်နေ့ မနက်ပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ဇူလိုင်လ(၁၉)ရက်နေ့က မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ စုလျားရစ်ပတ်ထိမ်းမြား မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၁၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ညစာစားပွဲကိုတော့ နိုဝင်ဘာ(၁၅)ရက်နေ့က ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၂။ ဝေလျှံ

play
Photo - ဝေလျှံ
 

ဝေလျှံတို့ ဇနီးမောင်နှံကတော့ အမြွှာသားလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် သားလေး နှစ်ယောက်ဟာ(၄၅)ရက် ပြည့်သွားပါပြီ။ ဝေလျှံတို့ဟာ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။

Wai လျှံနဲ့ သန့်စင်မွန်တို့ဟာ ဇူလိုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။မင်္ဂလာဧည့်ခံပွဲကို ညနေ(၄)နာရီကနေ (၆)နာရီအထိ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သားလေးနှစ်ယောက်ကိုတော့ အောက်တိုဘာ ၂၁ရက်နေ့က နံနက်(၆)နာရီလောက်က ပင်လုံဆေးရုံမှာ မွေးတာ ဖြစ်ပါတယ်။

၃။ Kညီ

play
Photo - ကေညီ

 

ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ကေညီကတော့ နောက်ထပ် သားလေးတစ်ယောက်ကို ဒီဇင်ဘာ(၁၅) ရက်နေ့က ပိုင်ဆိုင်ခဲ့တာ ဖ်ြစပါတယ်။ သားတစ်ဦးရှိပြီးဖြစ်တဲ့ ကေညီနဲ့ သူ့ရဲ့ဇနီးဟာ ၇ ပေါင်နဲ့ ၅ အောင်စရှိတဲ့ ဒုတိယမြောက် သားလေးကို ဗဟန်းမြို့ရှိ Woman Center မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၎။ Cobra နဲ့ ခင်မဉ္ဇူခိုင်

play
Photo - ခင်မဉ္ဇူခိုင်
 

အဆိုတော် Cobra နဲ့ သရုပ်ဆောင် ခင်မဉ္ဇူခိုင် တို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို နိုဝင်ဘာလ ၁၆ ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Cobra နဲ့ ခင်မဉ္ဇူခိုင် တို့မှာတော့ ပထမမြောက်ရင်သွေးလေးဖြစ်တဲ့ ၃ နှစ်ကျော်အရွယ် မှူးမြတ်သခင်(ခ) Cara ဆိုတဲ့ သမီးလေးတစ်ယောက်လည်းရှိပါသေးတယ်။ ဒုတိယမြောက်ရင်သွေးလေးကိုလည်း Nora လို့ Cobra က နာမည်ပေးခဲ့ပါတယ်။

၅။ မိုးယုစံ

play
 

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တဲ့ သရုပ်ဆောင် မိုးယုစံဟာ သားဦးလေး Austion ကို ယခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့ပါတယ်။ မြန်မာနာမည်ကိုတော့ မပေးရသေးပါဘူး။

မိုးယုစံရဲ့ သားလေး Austin ဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေကို အချစ်ကို ရရှိထားတဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။

၆။ သဉ္ဇာနွယ်ဝင်း

play

 

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ (၃) ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇)ရက်နေ့က သားဦးလေးကို ဝိတိုရီယဆေးရုံမှာ သဘာဝအတိုင်း အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

ကလေး ၃ ယောက် ဆက်တိုက်ယူဖို့ စီစဉ်ထားတဲ့အတွက် သားဦးလေးကို သဘာဝအတိုင်း  မွေးဖွားဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ သဉ္ဇာနွယ်ဝင်းက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

၇။ အနဂ္ဂနဲ့ သံသာဝင်း

play

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း ငါးနှစ်မှာ သမီးဦးလေး တစ်ယောက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ သမီးဦးလေးကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့ နေ့လည်အချိန်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကတော့ မွေးဖွားချိန်မှာ (၇)ပေါင်နဲ့ (၅)အောင်စရှိတယ်လို့ သိရပါတယ်။

အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးဦးလေးကိုတော့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အနဂ္ဂနဲ့သံသာဝင်းတို့ဟာ ချစ်သူသက်တမ်း ၄ နှစ်အကြာ ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD