AD
AD
AD

မကြာခင်ရက်ပိုင်းအတွင်းမှာ နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် အဆိုတော် စန္ဒီမြင့်လွင်က ပရိသတ်တွေကို သီချင်းသစ်တစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်။ သူမတင်ထားတဲ့ ဗီဒီယိုလေးကိုလည်း ပြန်လည်တင်ပေးလိုက်ပါတယ်နော်။

သူမရဲ့ ပရိသတ်တွေအတွက် နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သီချင်းသစ်လေးတစ်ပုဒ် သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ပေးလိုက်ပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၅) ရက်နေ့ ညပိုင်းက တင်ပေးခဲ့တာဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ Happy New Year လို့ပေးထားပြီး Music MTV လည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းကို စန္ဒီမြင့်လွင်နဲ့အတူ မိုးထက်က အတူ ပါဝင်သီဆိုပေးထားပြီး ဒါရိုက်တာ မေဘရဏီသော်က ရိုက်ကူးပေးထားတာပါ။

Postby

 

Music MTV ကို အောင်လေး၊ တိုင်ရွန်၊ ဖြိုးဇော်လင်း၊ ဟန်လေး၊ အိကေဇင်သန်း၊ ယွန်းသီရိခင်တို့ ပါဝင်သရုပ်ဆောင်ပေးထားကြတာလည်း တွေ့ရပါတယ်။

သူမတင်ထားတဲ့ အဲ့ဒီသီချင်းလေးဟာလည် အခုချိန်မှာ ကြည့်ရှုသူတစ်သိန်းကျော်လို့ သွားပါပြီ။

play

 

ဂီတပိုင်းမှာ အောင်မြင်မှု ရရှိထားသလို ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ Koeko Fashion ဆိုတဲ့ ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

သူငယ်ချင်းနဲ့အတူ ကိုယ်ပိုင်Brand နဲ့စီးပွားရေး လုပ်ငန်းလေး စချိန်မှာ အတိုက်အခိုက်တွေ အခက်အခဲတွေအများကြီး ရှိပေမယ့်လည်း ယခုအချိန်မှာတော့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားပြီလည်း ဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD