AD
AD
AD

၂၀၁၇ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို ၂၀၁၈ခုနှစ် မတ်လအတွင်းပြုလုပ်တော့မှာ ဖြစ်ပါတယ်။အကယ်ဒမီစာရင်းဝင် ဇာတ်ကားများဟာလည်း (၅၃) ကားရှိလို့နေပြီး ဇန်နဝါရီလမှ စတင်ကာ ကြည့်ရှု အကဲဖြတ်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့ကိုလည်း ဒီဇင်ဘာ(၂၃)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး သရုပ်ဆောင်ဝါဝါဝင်းရွှေက ဥက္ကဌအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

play

 

အကယ်ဒမီစာရင်းဝင် ဇာတ်ကား(၅၃)ကားမှာ အမျိုးသားသရုပ်ဆောင်များအနက် မြင့်မြတ်က ဇာတ်ကား(၁၁)ကားအများဆုံး ဖြစ်ပြီး ပြေတီဦးမှ ရှစ်ကား၊ နေတိုးက ခြောက်ကားပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသမီးသရုပ်ဆောင်များထဲမှာတော့ ခိုင်သင်းကြည့်၊ ရွှေမှုံရတီနဲ့ အိချောပိုတို့က ဇာတ်ကားကိုးကားစီနဲ့ အများဆုံး ပါဝင်ထားပြီး စိုးမြတ်သူဇာက ရှစ်ကား၊ ဝတ်မှုံရွှေရည်က လေးကားပါဝင်ထားသလို အိန္ဒြာကျော်ဇင်လည်း ပါဝင်ထားတာ တွေ့ရပါတယ်။

play

 

၂၀၁၇ခုနှစ်အတွက် ထူးချွန်ဆုစာရင်းဝင် မြန်မာဇာတ်ကားများမှာ တီတီနှင့်ဒိုးနတ်၊ ချန်ပီယံလေး၊ ဘယ်ရည်းစားကိုအချစ်ဆုံးလဲ၊ ဟန်းနီးမွန်း၊ ကြီးကြီးကျယ်ကျယ်၊ သားဘီလူး၊ င့ါအကယ်ဒမီ၊ မာယာစတိုင်၊ ကမ်းလုံရက်(၄၀)၊ ပထမထပ်ဟန်းနီးမွန်း၊ဂျုံးဂျုံးဂျက်ဂျက်၊ ကြိုးဖြင့်ချည်ထားသောဗာရာဏသီ၊ ခေါက်ထီးလေးမလုံ့တလုံ၊ အရွယ်သုံးပါးချစ်တတ်သည်၊  လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်၊ ချိုမြိန်သောလက်စားချေခြင်း၊ အမှောင်မှာရွာတဲ့မိုးတိမ်(ကျွန်)၊  နေဝင်အိပ်တန်းတက်၊ ဝိဥာဉ်ကကြိုး၊ သူငယ်၊ ကပ္ပိယ၊ အော်ရီဂျင်နယ်ဂန်းစတား-၂၊ သူငယ်ချင်းယောက္ခမ၊ ဘုန်း ကညာနှစ်ပါး၊ ည၊ ကြောက်ကြောက်ကြောက်၊ ရာဇဝင်ရိုင်းသူများ၊ ပွဲခံမယ်၊ သိုက်ကလာတယ်စကားမပြောဘူး၊  ဆယ်လီ၊ ဖက်ရှင်၊နေခြည်မှာရွှေရည်လောင်း၊သရာစေထိ၊ ဒီမိုရပ်ကွက်၊တိမ်ပြာသောနေ့၊ ကြီးမြတ်သောမြန်မာ၊  ထဘီကျွတ်၍ လွှတ်လိုက်သည်၊ ဇွတ်ကျား၊ အောင်စေပိုင်စေ၊ ပရိုဂျူဆာမကြီးစိုး၊ အော်တိုဘုရင်၊ရင်ဘက်ထဲကဓား၊ မယားကြောက်ရွာ၊ အမည်ပေါက်နှင့်ကျူး၊ ပက်ပက်စက်စက်ညှို့၊ ဖေ့စ်ဘွတ်ဘုရင်မ၊ တာတေကြီး၊ ငါကဗိုလ်အောင်ဒင်၊ ထာဝရအမေ၊ ဘီဘူးမသရဲမနှင့်မိန်းမပျို၊ တောကျီးကန်း၊ငေါ့ချမ်းခသစ္စာ၊ ဆိုင်းကြိုက်တဲ့မောင် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကား တွေပဲ ဖြစ်ပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD