AD
AD
AD

နှင်းဆီကို အားပေးတဲ့ ပရိသတ်များအတွက် နှင်းဆီအဖွဲ့သားတွေက လက်ဆောင်ပေးမယ့် အစီအစဉ်တစ်ခုကို စီစဉ်လိုက်ပါတယ်။ ဒီဇင်ဘာ(၃၀) ရက်နေ့မှာ ကျင်းပမယ့် တော်ဝင်နှင်းဆီအငြိမ့်ပွဲကို ကြည့်ရှုခွင့်ရမှာပါ။

နှင်းဆီအငြိမ့်ကို ၂၀၀၇ခုနှစ်ကစပြီးတော့ နှစ်စဉ်တင်ဆက်ကပြခဲ့ရာက အခုဆိုရင် ၂၀၁၇ ခုနှစ်အထိ ဆယ်နှစ် တိတိရှိခဲ့ပါပြီ။ နှင်းဆီအဖွဲ့သား တွေ ပထမဆုံးကပြခဲ့တဲ့ နှင်းဆီသခင်အငြိမ့်ကနေ အခု ဒီဇင်ဘာ၃၀ တော်ဝင်စင်တာမှာ ကပြမယ့် နှင်းဆီအငြိမ့်အထိ နာမည်များကို မှန်ကန်စွာ ဖြေဆိုနိုင်တဲ့ ပရိသတ်တွေကို ကျပ်တစ်သိန်းတန် လက်မှတ်များကို ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ မင်းမော်ကွန်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

"နှင်းဆီ ပရိတ်​သတ်​အတွက်​​မေတ္တာလက်​မှတ်​အစီအစဉ်​...

ချစ်​​သောနှင်းဆီပရိတ်​သတ်​များခင်​ဗျား

ကျွန်တော်တို့နှင်းဆီအငြိမ့်​ကို 2007 ခုနှစ်​မှစ၍ နှစ်​စဉ်​တင်​ဆက်​ကပြခဲ့ရာ ယခု 2017 တွင်​ ဆယ်​နှစ်​တိတိရှိခဲ့ပါပြီ

ကျွန်တော်တို့ ပထမဆုံးကပြခဲ့​သော နှင်းဆီသခင်​အငြိမ့်​ မှသည်​ ယခု December 30 ​တော်​ဝင်​စင်​တာတွင်​ကပြမည့်​ ​တော်​ဝင်​နှစ်​သစ်​နှင်းဆီ အငြိမ့်​အထိ နှင်းဆီအငြိမ့်​အမည်​များကိုမှန်​ကန်​စွာ​ဖြေဆိုနိုင်​သူအား ကျွန်တော်တို့၏ နှင်းဆီပရိတ်​သတ်​စစ်​စစ်​များ

ဟုသတ်​မှတ်​ပြီး ကျပ်​တစ်​သိန်းတန်​ လက်​မှတ်​နှစ်​​စောင်​ကိုချီးမြှင့်​သွားပါမည်​။း အ​ဖြေမှန်​တူ​နေပါက တူ​နေသူများထဲမှ နှစ်​​ယောက်​ကို မဲ​ဖောက်​၍​ရွေးချယ်​သွားပါမည်​။ အ​ဖြေများကို 29-12-2017ည12:00 နာရီ​နောက်​ဆုံးထား၍ ဤ

account Chatbox သို့တိုက်​ရိုက်​​ပေးပို့နိုင်​ပါ​ကြောင်း

ချစ်​ခင်​စွာအသိ​ပေးအပ်​ပါသည်​။

အ​ဖြေမှန်​သူများသည်​ ကျွန်တော်၏အ​ကြောင်းကြားစာနှင့်​တကွ 30-12-2007 ရက်​​နေ့တွင်​ ​တော်​ဝင်​စင်​တာလက်​မှတ်​အ​ရောင်းဌာန၌ လာ​ရောက်​ထုတ်​ယူနိုင်​ပါသည်​။

ပျော်​ရွှင်​စွာ​ဖြေဆိုနိုင်​ကြပါ​စေ။

တော်​ဝင်​နှစ်​သစ်​နှင်းဆီအငြိမ့်​အဖွဲ့......။" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

play

 

နှင်းဆီအငြိမ့်ကို မျှော်လင့်နေကြတဲ့ ပရိသတ်များအတွက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်ထားတဲ့ "တော်ဝင်နှစ်သစ်နှင်းဆီ" အငြိမ့်ပွဲကြီးကိုတော့ ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ရန်ကန်ုမြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD