AD
AD
AD

သရုပ်ဆောင် ဝတ်မှုံရွှေရည်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေမြို့မှာ ကားရိုက်သွားတုန်းက ပုံလေးတွေကို တင်လိုက်ပါတယ်။ အလုပ်တွေအရမ်းရှုပ် နေတာကြောင့် ပုံတွေ မတင်ဖြစ်တဲ့ သူမကို ပရိသတ်တွေကလည်း လွမ်းလို့နေပါပြီ။

သူမပုံတင်လိုက်ပြီး တစ်နာရီလောက်မှာပဲ Like သောင်းကျော်သွားခဲ့ပါတယ်။

play

 

သူမတင်လိုက်တဲ့ ပုံလေးတွေကလည်း အလှပုံလေးတွေ မဟုတ်ပဲ ရှုတင်ပုံလေးတွေ ဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေ တင်ရင်း နဲ့ သူမက ယခုလိုလေး လည်း ပြောထားတာတွေ့ရပါတယ်။

"မေမြို့မှာကားရိုက်သွားတုန်းကပုံလေးတွေပါ ကားရိုက်တုန်းက ကစ် အလုပ်တွေအရမ်းရှုပ်နေလို့ မတင်လိုက်ရလို့ အခုတင်လိုက် ပီနော် ပုံတွေလည်းထက်တင်အုန်းမှာမို့ မျက်စိမနှောက်ကြပါနဲ့နော်  ။ ကစ်ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေပါတယ်လို့ ကစ်ရဲ့ ပရိသတ်လေးတွေက ကစ်ရဲ့အားဆေးလေးတစ်ခုပါ" ဆိုပြီးတော့ ရေးသားထားပါတယ်။

play

 

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

play

 

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD