AD
AD
AD

ထက်ထက်ရဲ့ သမီးလေး စစ်လွန်းလေးက ဖေဖေအပေါ် အရမ်းကို သိတတ်လွန်းပါတယ်။ သမီးလေးက စိုင်းလွှမ်းကို ခြေထောက်ဆေးပေးနေတဲ့ ပုံလေးကို သူ့ရဲ့ ဖေစ်ဘွတ်မှာ တင်ခဲ့ပါတယ်။

အဲ့ဒီပုံလေးတွေကို ကြည့်ရတာလည်း တကယ့်ကို ကြည်နူးဖို့ ကောင်းပါတယ်။ ဖေဖေစိုင်းလွှမ်းကတော့ သမီးလေးကို အဲ့လိုမျိုး မလုပ်စေချင်ပါဘူး ဆိုပြီး သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"မလုပ်စေချင်ဘူး။ ဒါပေမဲ့

သူသိတတ်တာလေးကို ကြည်နူးပြီးတော့ လက်ခံလိုက်ပါတယ်။

ဝမ်းသာမိစရာလေးထဲက တစ်ခု.." ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သမီးလေးရဲ့ လိမ္မာမှုကိုလည်း  ပရိသတ်တွေက ကြည်ပြီး ကြည်နူးနေကြတာကိုလည်း တွေ့ရပါတယ်။

play

 

သရုပ်ဆောင် စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ဟာ ပရိသတ်တွေ ချစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုများအနေနဲ့ ကြော်ငြာရိုက်ကူးမှုတွေ ဓာတ်ပုံရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရတဲ့ စစ်လွန်းဝတီထက်ဟာ မိခင်လို အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုခဲ့ပေးဖူးပါတယ်။

Photo : စိုင်းလွှမ်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD