AD
AD
AD

ဒီနေ့(ဒီဇင်ဘာ၂၉ရက်)က ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ အသက်(၄၄)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူရဲ့ မွေးနေ့ လေးကို သမီးဖြစ်သူဒိန်းပိုပိုဒေါင်က ချစ်စရာကောင်းအောင် မွေးနေ့ ဆုတောင်းတောင်းပေးထားတာ တွေ့ရပါတယ်။

မြတ်နိုးဦးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပေါ်မှာ ယခုလို မွေးနေ့ဆုတောင်း တောင်းပေးထားတာပါ။

play

 

"ချစ်ရသောဖေဖေ❤..ပထမဦးဆုံးပြောချင်တာကတော့ ဒီနေ့မွေးနေ့ ၄၄ နှစ်မြောက်မှသည် နောင်နှစ်ပေါင်း ၁၀၀ကျော်ထိတိုင်အောင် ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်ပေးပါ   .. ဒုတိယပြောချင်တာကတော့ ဖေကြီးပေါ် အသိတတ်ဆုံးဒီသမီးလေးကိုလဲ အနုပညာအလုပ်တွေလုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခဏခဏ ပုံပြင်မပြောပါနဲ့      တတိယပြောချင်တာကတော့ ဒီသမီးလေးတွက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသော တစ်ဦးတည်းသောဟာ ဖေကြီးတစ်ယောက်ထဲပါပဲ " ဆိုပြီးတော့ ရေးသားထားတာတွေ့ရပါတယ်။

play

 

ဒိန်းဒေါင်ရဲ့ အသက်(၄၄)နှစ်ပြည့်မွေးနေ့ကိုတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဒိန်းဒေါင်က မွေးနေ့မတိုင်ခင် ရက်ပိုင်းကလည်း မိခင်ကို သိန်း(၅၀)နဲ့ ကန်တော့ခဲ့ပါသေးတယ်။

play

 

ဒိန်းဒေါင်ဟာ လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ဖြစ်နေပြီး ဒီဇင်ဘာလကုန်မှာလည်း ဒါရိုက်တာ ရာဇဝင်ကိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ရှိတယ်လို့ ပြောပါတယ်။

Photo : မြတ်နိုးဦး ဖေ့စ်ဘွတ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD