AD
AD
AD

ဒီနေ့ (ဒီဇင်ဘာ၂၉ရက်) က သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ အသက်(၄၄)နှစ်ပြည့်တဲ့မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့သလို မိခင်ကိုလည်း ပတ္တမြားနားကပ်နဲ့ ကန်တော့ခဲ့ပါတယ်။ မိခင်ဆီကလည်း မွေးနေ့လက်ဆောင်အနေနဲ့ မိခင်ဖြစ်သူရဲ့ ထမီအထက်ဆင့် အစလေးကို ပြန်တောင်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"မွေးနေ့မှာအမေ့အတွက် ပတ္တမြားနားကပ်တရံကန်တော့တယ်။ အမေ့ဆီကမွေးနေ့လက်ဆောင်အမေ့ရဲ့ ထမီအထက်ဆင်အစလေး ပြန်တောင်းတယ်။ မွေးနေ့မှာလာကြတဲ့ သတင်းမီဒီယာနဲ့ မိတ်ဆွေများကို ကျေးဇူးတင်သလိုမလာနိုင်လို့ အဝေးက ဆုတောင်းပေးကြတဲ ပုဂ္ဂိုလ်များကိုလည်းအထူးကျေးဇူးတင်ပါတယ်" ဆိုပြီး ပြောထားပါသေးတယ်။

play

 

အသက် ၄၄ နှစ်ပြည့်ပြီဖြစ်တဲ့ ဒိန်းဒေါင် အနေနဲ့ စိတ်ကြီးတတ်သူတစ်ဦးဖြစ်တာကြောင့် သည်းခံစိတ်တွေ မွေးနေရတယ်လို့ ဆိုပါတယ်။

'' အရွယ်ရလာတာနဲ့ အမျှ သည်းခံနိုင်စိတ်တွေမွေးဖို့ အရမ်းဒေါသထွက်တာရော၊ စိတ်ကြီးတာရော သည်းခံနိုင်စိတ်တွေမွေးဖို့အတွက် ကြိုးစား နေတယ်၊ ပြင်ဆင်နေတယ်။ ပြီးတော့ အလုပ်ကိုလည်း သိပ်မမက်ဘူးပေါ့။ လုပ်စရာတွေ အများကြီးရှိသေးတယ် ဒီနှစ်တော့ ငါ တက်နိုင် သလောက် ပဲ သွားတော့မယ် ကျန်းမာရေးကလည်းရှိသေးတာကိုး။ စိတ်ကြီးတဲ့ သူကျတော့ သွေးတိုးရင် အရမ်းဒုက္ခရောက်တယ် စိတ်ဆိုးပြေ သွားပြီဆိုရင် ခေါင်းတွေမူးလာတာ။ ဘုရားတည်တယ်၊ ဘိုးဘွားရိပ်သာမဆောက်ရသေးဘူး၊ မိဘမဲ့ကလေးတွေ မွေးစားဖို့အတွက်လည်း ကျန်သေးတယ်'' လို့ဆိုပါတယ်။

play

 

သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ မွေးနေ့ အလှူကိုတော့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းလမ်းမ ပေါ်က နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမှတ်တရအနေနဲ့ ဆန်တစ်ပြည် စီထည့်ထားတဲ့ အိတ် ၃၀ ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : ဒိန်းဒေါင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD