AD
AD
AD

အလှမယ် မော်ဒယ် မေမြတ်နိုးကတော့ ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ(၂၂) ရက်နေ့ကတည်းက ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပြီး ဒီနေ့(ဒီဇင်ဘာ၃၀)ရက်နေ့အထိ ကိုရီးယားမှာပဲ ရှိပါသေးတယ်။

ကိုရီး.ယားရောက်နေတဲ့ မြန်မာမလေး မေမြတ်နိုးကတော့ မြန်မာပြည်ကြီးကို လွမ်းနေပြီလို့လည်းဆိုပါတယ်။

play

 

အဲ့ဒါကြောင့်လည်း မြန်မာနိုင်ငံကို New Year အမီ ပြန်လာမယ်ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာလွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။

"Korea မှာ မြန်မာမလေး မြန်မာပြည်ကြီးကို စိတ်ထဲကမှန်းပြီး လွမ်းနေပါတယ်နော် 

ဒါကြောင့် New Year အမှီပြန်လာမယ်လို့

(အေးလွန်းလို့မနည်းရိုက်ခဲ့ရတယ်.... ဖိနပ်ကိုမေး  )"ဆိုပြီး ပြောထားပါတယ်။

play

 

ကိုရီးယားဝတ်စုံလေးနဲ့ လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း  ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ မေမြတ်နိုးဟာ လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပါတယ်။ မော်ဒယ်လောကမှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားနိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

မေမြတ်နိုးဟာ မြန်မာနိုင်ငံရဲ့ မဂ္ဂဇင်းများ၊ ဂျာနယ်များရဲ့ မျက်နှာဖုံးရှင်သာမက ပြည်ပနိုင်ငံရဲ့ မဂ္ဂဇင်းတစ်ခုအတွက် မျက်နှာဖုံးရှင် ဖြစ်ခဲ့ပါသေးတယ။်

play

မေမြတ်နိုးဟာ Miss Asia Pacific World  2014 ရဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး သရဖူနဲ့ ပတ်သက်ကာ ဂယက်များစွာနဲ့ ကြုံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

အလှမယ်ဘဝနဲ့ ရပ်တည်လာပြီး 2016 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Asia's Next Top Model ပြိုင်ပွဲတွင်လည်း ပရိသတ်အသိအမှတ်ပြုခြင်း ခံရတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Photo : မေမြတ်နိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD