AD
AD
AD

အလှမယ် ဇွန်သံစဉ်ရဲ့ နှစ်သစ်ကူးညလေးကတော့ ထူးခြားလို့နေပါတယ်။ ၂၀၁၇ခုနှစ်ရဲ့ နောက်ဆုံးနှစ်သစ်ကူးညကို အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။

အလှူကိုတော့ မင်္ဂလာဒုံအထူးကုဆေးရုံမှာ မုန့်ဟင်းခါး အလှူလုပ်ရင်းဖြတ်သန်းမယ်လို့ သူမက ဆိုပါတယ်။

play

 

"ည ၁၂ နာရီကြိုတဲ့အချိန် မှာ မုန့်ဟင်းခါးတွေ တူတူချက် စားပြီး ကြိုကြမယ်။ အဓိကမိသား စုအလှူလေးလို့ ပြောရမှာပေါ့။ ဆေးရုံက ၀န်ထမ်းတွေနဲ့ အတူတူ မုန့်ဟင်းခါးချက်ကြမှာပါ။ ဆေး ရုံက လူနာတွေ၊ လူနာရှင်တွေကို လည်း မနက်ကျရင် မုန့်ဟင်းခါး တွေ ဝေမယ်။ ဆေးရုံမှာလုပ်ဖြစ် တာက ညီမအဖေက အဲဒီက ဆေးရုံအုပ်ဖြစ်တဲ့အတွက် ဆေးရုံဝန် ထမ်းတွေကို နှစ်သစ်ကူးညမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးတဲ့ သဘောပါပဲ’’လို့ သူမက 7day Daily မှာ ဖြေဆိုထားပါတယ်။

play

 

သူမအတွက်ကတော့ နှစ်စဉ်နှစ်တိုင်းဆေးရုံမှ ပျော်ပွဲရွှင်ပွဲလုပ်ကာဖြတ်သန်းခဲ့တဲ့ သူမကဒီနှစ်မှာတော့ ဆေးရုံမှာ အလှူလုပ်ရင်း ဖြတ်သန်းဖြစ် တာပါ။သူမအတွက် ၂၀၁၇ ခုနှစ်ဟာ Miss Universe ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နှစ်ဖြစ်တာကြောင့် မမေ့နိုင်တဲ့ အမှတ်တရအဖြစ်ဆုံး နှစ်တစ်နှစ်လို့ ဆိုပါတယ်။

play

 

ဇွန်သံစဉ်အနေနဲ့ လက်ရှိမှာ ကြော်ငြာတွေ၊ အခြာသော ရိုက်ကူးရေးတွေများစွာ လက်ခံထားပြီး ပွဲတွေ တက်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ဇွန်သံစဉ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD