AD
AD
AD

တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ တော်ဝင်နှစ်သစ်နှင်းဆီဖျော်ဖြေပွဲကြီးက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။နှင်းဆီအဖွဲ့သားများရဲ့ ဖျော်ဖြေတင်ဆက်မှုကတော့ လာကြည့်တဲ့ ပရိသတ်တွေကို ဘဝအမောတွေ ပြေစေရုံသာမက ရယ်သောသူ အသက်ရှည်၏ဆိုတဲ့ စကားအတိုင်း အသက်ရှည်ဆေးတိုက်ကျွေးလိုက်သလိုပါပဲ။

play

 

ဒါရိုက်တာ မောင်မျိုးမင်းစီစဉ်တဲ့ တော်ဝင်နှင်းသစ်နှင်းဆီဖျော်ဖြေပွဲကြီးကို တော်ဝင်ဂါးဒင်းဟိုတယ်မှာ ဒီဇင်ဘာ(၃၀)ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပြီး မင်းမော်ကွန်း၊နေတိုး၊ကျော်ကျော်ဗို၊ ထွန်းထွန်း၊ရဲလေး ၊ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်နဲ့ မိုးယုစံတို့ ဖျော်ဖြေပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကပြဖျော်ဖြေခဲ့ပါတယ်။

play

 

နှင်းဆီအဖွဲ့သားတွေအနေနဲ့ မတ်လမှာလည်း အမေရိကန်နိုင်ငံသို့ သွားရောက်ပြီး ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ နှင်းဆီအဖွဲ့ကို ၂၀၀၇ ခုနှစ်က စတင်ဖွဲ့ပြီး ကပြဖျော်ဖြေခဲ့တာ ယခုဆိုရင် ဆယ်စုနှစ်တစ်စု ရှိခဲ့ပါပြီ။

ဆယ်နှစ်အတွင်းမှာ နှင်းဆီအဖွဲ့ဟာ ပွဲ(၁၁)ပွဲကို ကပြခဲ့ပြီး ဖြစ်ပါတယ်။

play

 

Photo : အေးဇော်မိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD