AD
AD
AD

ဖေ့စ်ဘွတ်ဆယ်လီနဲ့ သရုပ်ဆောင် အောင်ရဲထွေး အရိုက်ခံရစဉ်မှာ သူ့ရဲ့ချစ်သူလည်း အတူရှိနေခဲ့တာပါ။ အဲဒီညက ဖြစ်သမျှ အကြောင်းစုံကို သူမက အခုလို ပြောပြခဲ့တာဖြစ်ပါတယ်။

play
အောင်ရဲထွေးရဲ့ ဈာပနမှာ ငိုကြွေးနေတဲ့ အောင်သူလွင်

 

"ညီမနဲ့ သူနဲ့ The One ထဲက The Space မှာ ရောက်ပြီး ကောင်တာကို ရောက်ပြီး သူငယ်ချင်းတွေအကုန်လုံးနဲ့ အော်ပြီး ဒီဘက်ထောင့်မှာ ၂ ယောက်တည်းပေါ့။ ၂ ယောက်တည်းဆိုပေမဲ့ မလှမ်းမကမ်းမှာတော့ ရှိတာပေါ့နော်။ အတူတူကနေကြတယ်။ ခဏလူချင်းခွာတဲ့အချိန်ပေါ့။ The Space က ပိတ်ခါတော့ နီးနေပြီ။ ၄ နာရီ၊ ၄ နာရီခွဲ ခွဲလောက်အချိန်မှာ ဖုံးဒိုင်းဆိုပြီး နောက်ကနေ ဝင်ထိုးတယ်။ ညီမကို တွန်းလိုက်တယ်။ သူတို့အဖွဲ့ကလား။ သူကိုယ်တိုင်က ညီမကို ထိမှာစိုးလို့ တွန်းလိုက်တာလား။ လုပ်တဲ့သူတွေကပဲ ညီမဝင်ဆွဲမှာ စိုးလို့ တွန်းလိုက်သလားတော့ မသိဘူး။ ညီမလည်း နေကာမျက်မှန်ကြီးနဲ့ပေါ့နော်။ ပွဲထဲမှာ ဆိုတော့။ ပါဝါကလည်း တပ်ထားတယ်။ သေချာတော့ မသဲကွဲဘူး။ သုံးလေးယောက်ပေါ့ သူ့ကို လုပ်တယ်။ နောက်ဆုံးတစ်ယောက်က ခြေထောက်နဲ့ပါ ကန်တယ်" လို့ ပိုးပိုး (ခေါ်) မော်ဖူးမောင်က ပြောပြခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို ပိုးပိုးက အောင်ရဲထွေးရဲ့ဈာပနမှာ မီဒီယာတွေကို ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

"စစချင်း ညီမကို တွန်းလွှတ်လိုက်တော့ ..မတွန်းလွှတ်ခင်ကလား၊ တွန်းလွှတ်ပြီးမှလား ။ မြင်လိုက်တဲ့အချိန်မှာတော့ သူက ထိုးနေတာပေါ့။ လူမှားတာပါ။ သူက ရန်ငြှိးရှိတဲ့သူ မဟုတ်ပါဘူး။ ဆွဲကြပါဦးလို့ ညီမက လိုက်အော်နေတာ။ လုံခြုံရေးတွေက အဲဒီအချိန်မှာ ရောက်လာပြီးတော့ ရောက်လာတဲ့အချိန်မှာ သူက ခြေထောက်နဲ့ ကန်နေပြီ။ ဘယ်သူတွေလဲတော့မသိဘူး။ မြင်တာကတော့ အသားဖြူဖြူနဲ့ တစ်ယောက်၊ နှုတ်ခမ်းမွေးနဲ့ တစ်ယောက်" လို့ သူမက ဆက်ပြောပြခဲ့ပါတယ်။

play
အောင်ရဲထွေးရဲ့ဈာပနမြင်ကွင်း

 

လုံခြုံရေးတွေက ဝင်ဆွဲပေမဲ့လည်း နောက်ကျသွားပြီလို့ ပိုးပိုးက ပြောပါတယ်။

"၀င်ဆွဲမယ့်အချိန်မှာ လူတွေက ချဲသွားသေးတယ်။ ရန်ဖြစ်နေပြီဆိုတော့ ကြည့်ကြတာပေါ့နော်။ ဆွဲမယ်လို့ လုပ်တဲ့အချိန်မှာ လုံခြုံရေးတွေကတော့ တက်လာတယ်။ အဲဒီမှာ ဝိုင်းတော့ ဝိုင်းနေတာပဲ။ လုံခြုံရေးတွေ ဝိုင်းနေတော့ ဘေးကလူတွေလည်း ဝိုင်းလုပ်တာတွေ ဘာတွေတော့ မရှိဘူးပေါ့။ ဒါပေမဲ အကုန်လုံးကတော့ အော်ဟစ်နေကြတာပေါ့နော်။ ဘယ်လိုဖြစ်တာလဲ။ ဘာလဲဆိုပြီးတော့။ ညီမကလည်း လုပ်ကြပါ ဘာညာဆိုပြီး အော်နေတာ" လို့ သူမက ဆိုပါတယ်။

အစပိုင်းမှာ စကားကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောနိုင်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ပြောရင်းနဲ့ ၀မ်းနည်းလာကာ ငိုရှိုက်သံနဲ့အတူ လူမှားပြီး လုပ်ခံရတာ ဖြစ်ကြောင်း ပြောပြပါတယ်။

play
အောင်ရဲထွေးရဲ့ဈာပန မြင်ကွင်း

 

"သူက မိန်းမကိစ္စရှုပ်တာလည်း မရှိဘူး။ ရန်ညှိုးရန်စလည်း မရှိဘူး။ လူမှားပြီးတော့ လုပ်ခံရတာပါ။ သူက မိဘကို ရှာကြွေးနေတဲ့သူ တစ်ယောက်လည်း ဖြစ်တယ်။ သူ့ချစ်သူ ရည်းစားအပေါ် သူငယ်ချင်းတွေ အပေါ်လည်းကောင်းတယ်။ လူတွေအားလုံးပျော်အောင်လည်း အမြဲပျော်အောင်လုပ်ပေးတဲ့သူတစ်ယောက်ပါ။ နာမည်ပျက်လည်း မရှိတဲ့သူပါ။ ပြီးတော့ သူ့လို လူတစ်ယောက် ဆုံးရှုံးရတာ အရမ်းဝမ်းနည်းပြီး ခံစားရပါတယ်။ သူက အရမ်းကောင်းတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ကောင်းရာမွန်ရာ ရောက်မယ်လို့လည်း ယုံကြည်ပါတယ်" လို့ ငိုကြွေးရင်းနဲ့ ပိုးပိုးက ပြောပြခဲ့တာပါ။

အသက် ၂၄ နှစ်သာရှိသေးတဲ့ ဖေ့စ်ဘွတ်ဆယ်လီ အောင်ရဲထွေး (ခေါ်) ရဲထွေးအောင်ဟာ နယူးရီးယားညက ကလပ်တစ်ခုမှာ ဝိုင်းရိုက်ခံရပြီးနောက် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ဈာပနကို ဒီနေ့ (ဇန်နဝါရီလ ၃ ရက်နေ့) နေ့လယ်မှာ ပြုလုပ်ပြီးစီးသွားပါပြီ။ အောင်ရဲထွေးကို ဂူသွင်းသင်္ဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD