AD
AD
AD

ဒီနေ့(၂၀၁၈ခုနှစ် ဇန်နဝါရီ ၁၁ရက်)ဟာ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ သမီးလေး စစ်လွန်းဝတီထက်ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။

သူမရဲ့ အသက်(၇)နှစ်ပြည့် မွေးနေ့လေးမှာ မသန်းစွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ အလှူသွားလုပ်တယ်လို့ သိရပါတယ်။

play

 

မွေးနေ့အလှူအနေနဲ့ ဂေဟာမှာရှိတဲ့ ကလေးလေးတွေကို သူမကိုယ်တိုင် စားစရာများ သွားလှူခဲ့တာ ဖြစ်ပါတယ်။ သမီးလေး စစ်လွန်းရဲ့ မွေးနေ့နဲ့ ဖခင်ဖြစ်သူ စိုင်းလွှမ်းရဲ့မိခင် နဲ့ မွေးနေ့ဟာ တစ်ရက်တည်းလည်း ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး အဆိုတော် စိုင်းလွှမ်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာယခုလို ရေးသားထားပါတယ်။

play

 

"ကျွန်တော်တို့ မိသားစုမှာ အရမ်းကိုထူးခြားတဲ့ ရက် ရှိတယ်

(တိုက်ဆိုင်လွန်းပါတယ်ဗျာ) အဲနေ့ က ကျွန်တော့်ကို မွေးပေးခဲ့တဲ့

အမေနဲ့ ကျွန်တော့် သမီးလေး တို့ ရဲ့  မွေးနေ့ 

January 11 ⭐️⭐️  ဒီနေ့  ရောက်ခဲ့ ပြန်ပါပြီ

HAPPY BIRTHDAY    ပါ အမေ နဲ့  သမီးလေး  Sisloon Wati Htet

နောက်နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာစွာနဲ့ ည ၁၂ နာရီ က အတိုင်း

မိသားစု တွေ တစ်ယောက်မကျန် စုံစုံလင်လင် နဲ့  နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ

ဖြတ်သန်းနိုင် ကြပါစေ လို့  ဆုတောင်းပေးပါတယ်ဗျာ" ဆိုပြီး ရေးသားထားပါတယ်။

play

 

သရုပ်ဆောင် စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ဟာ ပရိသတ်တွေ ချစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုများအနေနဲ့ ကြော်ငြာရိုက်ကူးမှုတွေ ဓာတ်ပုံရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရတဲ့ စစ်လွန်းဝတီထက်ဟာ မိခင်လို အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုခဲ့ပေးဖူးပါတယ်။

Photo : စိုင်းလွှမ်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD