AD
AD
AD

ကျရာဇာတ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ နေတိုးကတော့ ၂၀၁၈ခုနှစ်ထဲမှာ အက်ရှင်ကားတွေကို ဦးစားပေး ရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။

ယခုလက်ရှိမှာလည်း အက်ရှင်ဒရာမာ ကားလေးဖြစ်တဲ့ ဗိုလ်နေတိုးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

အဲ့ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး နေတိုးက"ကိုစတီးလ်နဲ့ရိုက်မယ့် ဇာတ်ကားက အက်ရှင်ဒရာမာလေး။ လက်သီးတွေနဲ့ထိုးတဲ့ ဖိုက်တင် မဟုတ်ဘဲ Gun Shot (သေနတ် ပစ်ခန်း) တွေနဲ့ ဖိုက်ရမယ့် ဖိုက်တင်ဆိုတော့ အမြင်ဆန်းအောင်၊ အက်ရှင်ကားတွေထဲမှာလည်း Gun Shot က သိပ်မရှိဘူးဆိုတော့ ဒီကားလေးတည်ဖြစ်သွားတာပါ’လို့ 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play

 

ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကာကို နေတိုးနဲ့အတူသက်မွန်မြင့်၊ ပိုင်ဖြိုးသုတို့ ပါဝင်ထားပြီး ပြင်ဦးလွင်မြို့မှာ သွားရောက်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးရင်းနဲ့ပဲ ဇန်နဝါရီ(၁၉)နဲ့ (၂၀)ရက်တို့မှာ ကျင်းပမယ့်ပြုလုပ်မယ့် နှင်းဆီနယ်နိမိတ် ပွဲမှာတော့ ကပြဖျော်ဖြေသွားဖို့လည်း ရှိပါတယ်။

play

 

နေတိုးပါဝင်ထားပြီးတော့ ယခုလက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ "လရောင်ဖြာတဲ့အင်းလေးမှာ" ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်အားပေးမှု ရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး နေတိုး နှစ်ကိုယ်ခွဲ ပါဝင်သရုပ်ဆောင်ထားပြီးတော့ဇာတ်ဝင်တေးသီချင်းများကိုလည်း ကိုယ်တိုင်သီဆိုထားပါသေးတယ်။

Source : 7day Daily

Photo  : နေတိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD