AD
AD
AD

အဆိုတော် ဂရေဟမ်ရဲ့ သမီးပန်းရောင်ခြယ်နဲ့ညီမဖြစ်သူ ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့လေးကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

သူတို့ ညီအစ်မနှစ်ယောက်စလုံးရဲ့ မွေးနေ့လေးမှာ မွေးနေ့အလှူအဖြစ် မှော်ဘီက မေတ္တာအေးရိပ်မြုံမှာ ကလေး အယောက်(၈၀)စာအတွက် လိုအပ်တာလေးတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့မွေးနေ့လေးကတော့ ဇန်နဝါရီ(၁၄) ရက်နေ့ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ပန်းရောင်ခြယ်နဲ့ ရောင်စဉ်သွေး တို့ ညီအစ်မဟာ အသက်ငါးနှစ်ကွာပေမယ့် မွေးနေ့၊မွေးလ၊မွေးရက်တွေ တူတာကြောင့် မွေးနေ့အလှူလေးကို အတူတူပြုလုပ်တာဖြစ်တယ်လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။

ပန်းရောင်ခြယ်တို့ရဲ့ မွေးနေ့အလှူပုံရိပ်လေးများကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

play

 

အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့မှာ ပန်းရောင်ခြယ်ကတော့ လက်ရှိအချိန်မှာ ဂီတလှုပ်ရှားမှုတွေ လုပ်နေပြီး ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ကျောင်းနားထားပြီး သူမရဲ့ တစ်ကိုယ်တော်အခွေအတွက် အချိန်ပေးဖြစ်နေတယ်လို့လည်း သိရပါတယ်။

play

 

ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ ပရိသတ်ရဲ့ အားပေးမှု ရှိလို့နေပါတယ်။ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ အတူ Wake Up Daddy တေးသီချင်းခွေလေးထွက်ထားသလို သူမသီဆိုထားတဲ့ ဒိုင်ယာရီသက်သေဆိုတဲ့ တေးသီချင်းလေးဟာလည်း ပရိသတ် အကြိုက်တွေ့ခဲ့ပါတယ်။

Photo : ပန်းရောင်ခြယ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD