AD
AD
AD

သရုပ်ဆောင် ခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ထီးတော်အသစ် တင်လှူဒါပူဇော်ဖို့အတွက် အကယ်ဒမီရွှေကြယ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

အကယ်ဒမီ ရွှေကြယ်အပြင် မိခင်ဖြစ်သူရဲ့ လက်ကောက်နဲ့ နားကပ်တို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ ခန့်စည်သူက ပြောထားသလို သူ့ရဲ့ ကုသိုလ်ကောင်းမှုများကိုလည်း သာဓုခေါ်နိုင်ဖို့ ပြောထားပါသေးတယ်။

play

 

"ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ထီးတော်အသစ်တွင် ပူဇော်ရန် ကျေးဇူးရှင်မိဘနှစ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ဦးထိပ်ထား၍ မိခင်ကြီး၏ လက်ကောက်၊နားကပ်တစ်ရံနှင့် အကယ်ဒမီရုပ်တုမှ ရွှေကြယ်ကို (၇)-ရက်သား၊သမီး ပရိတ်သတ်များကိုယ်စား ဖေဖော်ဝါရီလ(၁၄)-ရက်နေ့တွင် မိခင်ကြီးနှင့်အတူ လှူဒါန်းခဲ့ပါသည်။နတ်၊လူ သာဓုခေါ်စေသော်" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

play

 

ခန့်စည်သူက လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို မေတ္တာသင်္ဂဟ အဖွဲ့နဲ့အတူ အလှူအတန်းတွေလည်း လုပ်ဖြစ်နေတာ တွေ့ရပါတယ်။

သရုပ်ဆောင်ခန့်စည်သူက ၂၀၀၈ ခုနှစ်က ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : ခန့်စည်သူ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD