AD
AD
AD

ရုံတင်မပြသချိန်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ "မုဒြာရဲ့ခေါ်သံ" ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

မတ်လ(၁၂)ရက်နေ့ အထူးပွဲ ပြသခဲ့တဲ့ အဲ့ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အဆိုတော် ကော်နီက ဒီဇာတ်ကားအတွက် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ ဆိုပါတယ်။

play

 

မြန်မာပြည်အတွက်သာမက မြန်မာမိန်းကလေးတွေအတွက်ပါ ဂုဏ်ယူရတဲ့ ဇာတ်ကားတစ်ကားပါလို့လည်း ပြောပြထားပါသေးတယ်။

"မနေ့ည တိုးတိုးကြိတ်ကြိတ် အားပေးခဲ့ကြရတဲ့ မုဒြာရဲ့ခေါ်သံ  MUDRAS CALLING  ဒီကားလေးလည်းကြည့်ပြီးတဲ့ အခါကျေနပ်မိ   

မြန်မာပြည်အတွက် မြန်မာမိန်းခလေးတွေအတွက်ပါ ဂုဏ်ယူရပါတယ်။ အချစ်ရဲ့ခံစားမှုကိုလည်း သစ္စာတရားနဲ့ပါးပါးလေးဘဲ 

ခံစားတင်ပြထားတာလေးမို့ပိုကြိုက်တယ် ။ ညီမလေး,ခရစ္စတီးနားခီ,သိတ်ကိုတော်ပါပေတယ် ။ မောင်ငယ်, Zenn Kyi, ရဲ့အောင်မြင်မှုတွေအတွက် အများကြီးဝမ်းသာကြည်နူးရပါတယ် ကြိုးစားနေတဲ့သူတွေအတွက်,အောင်မြင်မှုပန်းတိုင် ဆိုတာတကယ်ရှိခဲ့ပါပြီ, ကျေနပ်တယ်" ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

play

 

သူမရဲ့ပို့စ်အောက်မှာလည်း မုဒြာဇာတ်ကားကို စောင့်မျှော်နေကြကြောင်း ပရိသတ်တွေက ပြန်လည်ပြောပြထားပါသေးတယ်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ဇဏ်ခီ၊ လှယဉ်ကျေး၊ နန်းဝေဝေထွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မတ်လ ၁၆ ရက်နေ့ကစပြီး Maga ACE ရုပ်ရှင်ရုံတွေနဲ့ JCGV ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Photo : ကော်နီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD